အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုပိုဟာဆိုရင် အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်လျက်ရှိတာပါ...။ သိန်းထောင်ချီတဲ့ ကိုယ်ပိုင် studioအိမ်ကြီးလည်း ဆောက်လုပ်ပီးစီးခဲ့ပြီး အပြုံးချိုသူလေးတစ်ယောက်ပါ...။ "ဘာမှမလိုဖူး"၊ "ချစ်ခဲ့ဖူးသမျှ" တေးသီချင်းဗီဒီယိုတွေဖြင့် ပရိသတ်တွေရင်ထဲရောက်အောင် ပို့နိုင်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးခဲ့တာပါ...။

အပျိုကြီးမမ အနေနဲ့ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင် ပြေပြစ်လှပြီး အချစ်ရေးဟာလည်းတည်ငြိမ်လျက်ရှိတာပါ...။ social media ကွန်ယက်မှာ အမျိုးသားပရိသတ်အများဆုံးလက်ခံရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်...။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး မယ်သီလရှင်လည်း ဝတ်ခဲ့ပါသေးတယ်..။ Tik tok ဗီဒီယိုဖိုင်လေးတွေကို တင်ပေးလျက်ရှိပြီး အဆို၊အက ပီပြင်တာကြောင့် အချိန်တိုအတွင်းမှာပဲ လူကြိုက်များရေပန်းစားခဲ့တာပါနော်..။

ပိုပိုက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official facebook acc တွင် "မင်းရဲ့ ဂတုံးလေး" ဆိုတဲ့ status လေးနဲ့တကွ အမိုက်စား ဂတုံးလေးနဲ့ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသတားတာပါ...။ ပရိသတ်ကြီးအပေါ် တလေးတစားနဲ့ တင်ဆက်ပြသပေးလေ့ရှိတဲ့ ပိုပိုကို သူမရဲ့ ပုံရိပ်လေးတွေ ကြည့်ရှုခံစားရင်း ဆက်လက်အားပေးသွားကြပါဦးနော်...။

Source ဝတ် ရည် မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။