သရုပ်ဆောင် မင်းသားချော ပိုင်ဇေရဲထွန်းတို့မိသားစုလေးကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သွားရောက်လည်ပတ်နေကြတာ ဖြစ်ပါတယ်။ မိသားစုလိုက် အပန်းဖြေခရီးထွက်လာကြတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးက လူစုံတက်စုံနဲ့ အရမ်းပျော်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့အနှံ့ စိတ်ကြိုက်လည်ပတ်နေကြတဲ့ သူတို့မိသားစုလေးကတော့ KOH SAMUI beach ကိုလည်း သွားရောက်ခဲ့ကြပါသေးတယ်။

သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ စုစုပေါင်းမိသားစုဝင် (၅) ယောက်တိတိရှိတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးက မြင်သူတိုင်းကို အားကျမိစေနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူတို့မိသားစုလေးက သင်္ဘောကြီးစီးပြီး ထိုင်းနိုင်ငံမှာရှိတဲ့ အလှဆုံးကျွန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သူတို့မိသားစုရဲ့အမှတ်တရလေးပုံလေးတွေကိုတော့ ပိုင်ဇေရဲထွန်းက " မိသားစုအတွက် အမှတ်တရများစွာ ခရီးစဉ်ထဲမှတခု ပျော်ရွှင်ကျေနပ်ခြင်းများစွာ " ဆိုပြီး မျှဝေထားပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်ကတော့ သင်္ဘောပေါ်မှာ သားအငယ်ဆုံးလေးကြောင့် မိသားစုတွေ ရယ်မောပျော်ရွှင်ခဲ့ရတဲ့အကြောင်းကိုလည်း " အမေကမေးတယ် ကျွန်းနာမည်ကဘာလဲဆိုတာကို ဆုန်လေးပေါ့ ရွှီးတာ Sakamoto Island တဲ့ ဒီအမေငတုံးက ယုံရှာတယ် အကြီး၂ယောက်က ပြန်ပြောတယ် Sakamoto ကကျောင်းလေ တိုးတို့သင်္ချာကျောင်းတဲ့ မေမေအငိုက်မိသွားတယ် " ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘန်ကောက်ခရီးစဉ်မှာ ပျော်ရွှင်နေတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးရဲ့အမှတ်တရလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Zay Ye Tun & Zin Thae Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။