အီဂျစ်သမ္မတဟောင်း မိုဟာမတ်မော်စီကတော့ ပြီးခဲ့တဲ့ဇွန်လ ၁၇ရက်နေ့က သေဆုံးသွားခဲ့ပြီလို့သိရပါတယ်။

၎င်းသမ္မဟောင်း မော်စီဟာဆိုရင်လည်း မသေဆုံးခင်အချိန်တွေမှာ သူလျှိုမှုနဲ့ အကျဉ်းချခံထားရတာပဲဖြစ်ပါတယ်။

သူဟာအကျဉ်းချခံထားရစဉ်ထဲက သွေးတိုရောဂါနဲ့ ဆီးချိုရောဂါကိုခံစားနေရတာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူသေဆုံးခဲ့တာကတော့ သွေးတိုးနဲ့ ဆီးချိုရောဂါကြောင့်မဟုတ်ဘဲ တရားရုံးမှာ အမှုကို ကြားနာနေစဉ် ရုတ်တရက် နှလုံးရပ်ပြီးသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

၎င်းသမ္မတဟောင်း မော်စီရဲ့ သေဆုံးမှုကိုတော့ Muslim Brotherhood အဖွဲ့က လူသတ်မှုဖြစ်တယ်လို့ စွပ်စွဲခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မော်စီရဲ့ ဈာပနအခမ်းအနားကြရင်လည်း အီဂျစ်နိုင်ငံသားတွေ အားလုံးစုဝေးကြဖို့ တောင်းဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

Source- Star Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။