Justin Bieber နဲ့ မိန်းမဖြစ်သူ Hailey Bieber တို့ဟာ စနေနဲ့တနင်္ဂနွေနေ့တုန်းက Miami မှာရှိတဲ့ ဘုရားကျောင်းကို တက်ခဲ့ကြပါတယ်။ JB ဟာဆိုရင်လဲ သူရဲ့ စနေ တနင်္ဂနွေမှာ ကုသိုလ်ကောင်းမှုလေးလုပ်ဖို့ အစီအစဉ်ရှိနေခဲ့ကာ တနင်္လာနေ့တုန်းက သူလမ်းသွားရင် Gas ဆိုင်တစ်ဆိုင်မှာရပ်ပြီး ဆိုင်ရှေ့က အိမ်ခြေရာမဲ့တစ်ယောက်ကို ဒေါ်လာ ၄၀ပေးခဲ့ပါတယ်။ ရုပ်လေးနဲ့ သူရဲ့စိတ်ဓာတ်ကလဲ လိုက်ဖက်ပါပေတယ်နော်.....။ 

သူအနေနဲ့လဲ ခုလိုကူညီရတဲ့အတွက် ကျေနပ်ပီတိဖြစ်ကာ ပျော်ရွှင်လို့နေခဲ့ပါတယ်။ သူဆိကနေ ပိုက်ဆံရခဲ့တဲ့ လူကလဲ ပျော်ရွှင်လို့နေခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ JB ဟာဆိုရင်လဲ ခုတလော စနေတနင်္ဂနွေတွေမှာ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ သူမိန်းမ Hailey နဲ့ဘုရားကျောင်းအတူတူတက်လေ့ရှိတာကိုလဲ တွေ့ရှိရပါတယ်။ ခုလိုမျိုးတွေ သူလုပ်နေလို့လဲ သူအနေနဲ့ အစစအရာရာအောင်မြင်ရခြင်းပဲဖြစ်ပါတယ်။ 

အဲ့လိုမျိုးတွေ အချိန်မှန် ဘုရားကျောင်းတက်ခြင်းဖြင့်လဲ သူဟာ ခံစားနေရတဲ့ စိတ်ဝေဒနာကို ကုသလျက်ရှိကာ ကျန်းမားရေးပြန်ကောင်းလာအောင် လုပ်ဆောင်လျက်ရှိပါတယ်။ ခုတစ်မှာဆိုရင်လဲ သူနဲ့ Hailey တို့ဟာ သူတို့ရဲ့နင်္ဂလာဆောင်ကို ၄ကြိမ်မြောက်ရက်ကိုချိန်းပြီးပြီးပဲဖြစ်ပါတယ်။ အဲ့နေ့မတိုင်ခင်တွင်းမှာ သူရဲ့ကျန်းမားရေးအခြေအနေကို အကောင်းမွန်ဆုံးဖြစ်အောင်ကုသနေရမှာဖြစ်ကာ သူတို့နှစ်ယောက်အတွက်လဲ JB ကျန်းမားရေးက အရေးကြီးတာမို့ အဲ့အချက်ကိုပဲ နှစ်ယောက်က ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့မင်္ဂလာဆောင်မဲ့နေ့ကတော့ စက်တင်ဘာလထဲမှာပဲဖြစ်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။