ကမ္ဘာကျော် Rock အဆိုတော်တစ်ယောက်ဖြစ်တဲ့ Adam Lambert ဟာဆိုရင် သူအနေနဲ့ Rock ဂီတလောကဘုရင် Elvis Presley ရဲ့နေရာမှာ သရုပ်ဆောင်ချင်ကြောင်းကို ြပောပြခဲ့ပါတယ်။ Elvis Presley ဟာဆိုရင်လဲ ပရိသတ်ကြီးသိတဲ့အတိုင်း Rock လောကရဲ့ ဂီတဘုရင်တစ်ယောက်ဖြစ်ကာ ယနေ့ချိန်ထိ သူရဲ့နာမည်ဟာ ထင်ပေါ်ကျော်ကြားလျက်ရှိပါတယ်။ သူရဲ့ကားကိုလဲ ခုချိန်မှာ ရိုက်ကူးဖို့ရှိကာ ဒါရိုက်တာကတော့ Baz Luhrmann ပဲဖြစ်ကာ လီယိုနာဒိုပါဝင်သရုပ်ဆောင်ထားတဲ့ Romeo And Juliet နဲ့ The Great Gatsby တို့ကိုရိုက်ကူးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ သတင်းထောက် Angela Bishop ဟာ Baz က Rocketman နဲ့ Bohemian Rhapsody ကားနှစ်ကား အောင်မြင်မှုကို ကြည့်ပြီး သူ့အနေနဲ့လဲ အဲ့လိုကားမျိုးတစ်ကားကို ရိုက်ဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။ Adam ကလဲ " Elvis ရဲ့ကားလဲ ရိုက်ကူဖို့ရှိတယ်လို့ ကျွန်တာကြားမိတယ် " ဆိုပြီး ပြောပြခဲ့ပါတယ်။ အဲ့နောက်မှာတော့ Adam ဟာ သူရဲ့အမူအယာ ကိုယ်နေကိုယ်ထား ဆံပင်ပုံစံစသဖြင့်ဟာ Elvis နဲ့တူကြောင်းကို ပြောပြခဲ့ပာ သူ့ကို ရိုက်ခွင့်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။  

Adam ဟာဆိုရင် ၂၀၀၉ ခုနှစ်တုန်းက American Idol ကနေတက်လာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာအဲ့ကနေတစ်ဆင့်ကြိုးစားလာခဲ့ကာ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလို့လာခဲ့ပါတယ်။ American Idol မှာဆိုရင်လဲ သူဟာ ကမ္ဘာကျော် Queen အဖွဲ့ရဲ့ Bohemian Rhapsody သီးချင်းကိုလဲ ဖျော်ဖြေပေးခဲ့ဖူးပါတယ်။ Grammy ဆုတွေလဲရရှိထားတဲ့သူတစ်ယောက်ဖြစ်ကာ သူအနေနဲ့လဲ တကယ့်ကို Elvis နေရာမှာ သရုပ်ဆောင်ဖို့အတွက် သင့်တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။