မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ အားပေးမှုတွေ အမြောက်အများရရှိထားတဲ့ ဆုမြတ်နိုးဦးဟာဆိုရင် အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်လျက်ရှိတာပါ...။ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင် အပြစ်ပြောစရာမရှိအောင် ပြေပြစ်လှပပြီး အပြုံးချိုသူလေးတစ်ယောက်ပါ..။ မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လျက်ရှိပြီး အမြဲနန်းဆန်နေသူတစ်ယောက်ပါ..။ ခေတ်လူငယ်ပီပီ အတိုအပြတ်လေးတွေကိုလည်း ဆင်မြန်းလျက်ရှိပြီး ဖက်ရှင်ကျ လှပသူလေးတစ်ယောက်ပါ...။

ဆုမြတ်နိုးဦးဟာဆိုရင် social ကျသူတစ်ဦးဖြစ်ပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများသူတစ်ယောက်ပါ..။ သူမရဲ့ စိတ်နေ၊ စိတ်သဘောထားကောင်းမှုနှင့် လူတိုင်းအပေါ် ပွင့်လင်းစွာဆက်ဆံတတ်တဲ့အတွက်ကြောင့်လို့ ဆိုရင်မှားမယ်မထင်ပါဖူးနော်..။ ဆုမြတ်နိုးဦးဟာ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး အပန်းဖြေခရီးတွေကိုလည်း ထွက်လေ့ရှိသူတစ်ယောက်ပါ...။ ဆုမြတ်နိုးဦးရဲ့ gym ရုံက ပုံရိပ်လေးတွေနဲ့၊ ရေကူးကန်ထက်က ရေကူးဝတ်စုံနဲ့ ပုံရိပ်လေးတွေဟာဆိုရင် မြင်သူအပေါင်းကို မှင်သက်စေတာပါ...။

ခေတ်လူငယ်ပီပီ social media များဖြစ်ကြတဲ့ facebook စာမျက်နှာနှင့်၊ Instagram ကွန်ယက်တို့ကို အသုံးပြုသူတစ်ယောက်ပါ..။ လုပ်ငန်းကိစ္စများကိုလည်း တင်ဆက်လျက်ရှိပြီး၊ လတ်တလောအနုပညာလှုပ်ရှားမှုအစရှိသည့် နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကိုလည်း ပရိသတ်တွေနဲ့ ရင်းနှီးမှုမပြတ်ရအောင် ထုတ်ဖော်တင်ဆက်ပေးလေ့ရှိပါတယ်...။ အများဆုံးကတော့ facebook စာမျက်နှာဖြစ်ပြီး သူငယ်ချင်းသုံးယောက်နဲ့အတူ ထောင်ထားတဲ့ "N H K = ဗရမ်းဗတာ" များဆိုတဲ့ facebook page ဟာဆိုရင်လည်း fan အမြောက်အများရှိတာကို တွေ့ရပါတယ်...။ "မိုးယံ groupရဲ့ 10th year Partner’s Day 2019 ဂုဏ်ပြုပွဲကို Miss Moe Yan 2011 အနေနဲ့တက်ရောက်ခဲ့" တုန်းက အမှတ်ရရိုက်ကူးထားခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် အသည်းပုံ sticker လေးနဲ့ ထပ်မံ ဖော်ပြထားပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Hsu Myat Noe Oo

Photo Credit HSU PHOTOGRAPHY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။