ပြည်တွင်းနေရာအနှံ့အပြားမှာ သမိုင်းဝင်ရှေးဟောင်းဘုရားတွေနဲ့ စေတီတွေကို ယခုနောက်ပိုင်းပိုမိုရှာဖွေတွေ့ရှိလျှက်ရှိ တာတွေ့ရပါတယ်။ အဖိုးတန်ရတနာတွေနဲ့အတူ မကြာခဏတွေ့မြင်ရလေ့ရှိပြီး မြန်မာလူမျိုးတို့ရဲ့ လေးစားကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဆင်းတုတော်တွေကိုလည်း နေရာအနှံ့အပြားမှာတူးဖော်ရရှိလျှက်ရှိပါတယ်။ မကြာသေးမီကလည်း ကချင်ပြည်နယ် ပူတာအိုမြို့ဖတ်မာဇွတ်ကျေးရွာအနီးတွင် သမိုင်းဝင်ရှေးဟောင်း စေတီတော်တွေကို ရှာဖွေတေ့ရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ တွေ့ရှိမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်၊ပူတာအိုမြို့တွင်ဒေသခံများ၏ပြောကြားချက်များအရ မြို့နယ်သံဃနာယကအဖွဲ့၊ ခမ်းတီးလုန်ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့နှင့်ရပ်မိရပ်ဖများကဇွန် ၂ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ကချင်ပြည်နယ် ဖတ်မာဇွတ်ကျေးရွာအနီး ဖတ်မာချောင်းနှံဘေး၌ရှေးဟောင်းစေတီတစ်ဆူ၊၎င်းနှင်ပေး ၂၀ဝခန့်ဝါးတောတွင်တစ်ဆူတွေ့ရှိရာရှေးဟောင်းစေတီတစ်ဆူမှာ ဌာပနာမျာမလုံခြုံမှုကြောင့် မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဌ ဆရာတော်အမှုပြုသောအဖွဲ့ကဌာပနာများဖော်ထုတ်ပြီးလန်းနို(၂)ဘုန်းတော်ကြီးကျောင်းတွင်ခေတ္တစံပယ်လျက်ရှိကြောင်းခရိုင်သာသနာရေးမှူး ဦးဝင်းရွှေထံမှ သိရပါတယ်။ 

၎င်းရှေ့ဟောင်းစေတီပုထိုးများ၊ဌာပနာများသည်အေဒီ ၁၅ရာစုခန့်ကရှမ်းလုပ်ခွန်စော်ဘွား စောပလန်း ယွတ်မြို့တည်နေထိုင်ခဲ့စဉ်က တည်ထားကိုးကွယ်ခဲ့သော ဘုရားများဖြစ်ကြောင်း သိရပါတယ်။ ယခုအခါလီဆူတိုင်း ရင်းများသာနေထိုင်ကြပြီးလွန်ခဲ့သော နှစ်များကပင်ရွှေရောင်ခြည်တော်များ လွှင့်နေကြောင်း ပြောကြားချက် ကြောင့်ဒေါ်မြလေးသိန်း၏အိပ်မက်နှင့်ဆက်စပ်ကာရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ဒေသ အာဏာပိုင်များနှင့်ရှေ့ဟောင်းသုတေသနဌာနထံ တင်ပြထားပြီးပြုပြင်မွမ်းမံနိုင်ရေး ဖော်ထုတ်တူးဖော်နိုင်ရေးဆောင်ရွက်ထာကြောင်း ဦးဝင်းရွှေထံမှ သိရပါတယ်။

source - tHe Mirror daily  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။