ချစ်ပရိတ်သတ်ကြီးရေ... တစ်ချိန်ကအရမ်းကိုနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ အခုအချိန်ထိလည်းပရိတ်သတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးခိုင်နှင်းဝေကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်နော်။

သူမဟာ ပရိတ်သတ်တွေရင်ထဲစွဲလောက်အောင် သရုပ်ဆောင်ကောင်းတဲ့ အပြင် နှလုံးသားထဲစွဲလောက်အောင်လည်း ပရဟိတစိတ်အပြည့်နဲ့ အလှူအတန်းတွေကို ရှေ့ဆုံးက နေပါဝင်ကုသိုလ်ယူတတ်သူပါနော်။ သူမဟာ အခုတစ်ခါမှာလည်း အလုပ်တွေမအားတဲ့ကြားထဲကနေ တားဆီးမရတဲ့ ရင်ထဲက သဒ္ဓါတရားတွေကြောင့် မတွေ့ဖြစ်တာကြာပြီးဖြစ်တဲ့ မေတ္တာမွန်ကျောင်းတိုက်က ဆရာတော် အရှင်ဝိသုဒ္ဓကို တကူးတက ပင့်ကာ ဆွမ်းကပ်ခဲ့ပါတယ်နော်။ကိုယ့်ခြေကိုယ့်လက်နဲ့ဆွမ်းမချက်နိုင်တာကြောင့် နေ့ဆွမ်းအမှီ ထမင်းဆိုင်မှာပဲ ဆွမ်းကပ်ခဲ့ရတာပါတဲ့။

" အလုပ်တွေကိုယ်စီ ရှုပ်နေကြတာနဲ့ ကိုယ့်ဘုန်းဘုန်းနဲ့လဲမတွေ့ဖြစ်.ဘုန်းဘုန်းကျောင်းက ကလေးတွေ ကိုယ့်သားသမီးလိုချစ်ခဲ့ရပေမဲ့ ဒီဘက်မှာ ကိုယ့်ကလေးတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ကျောင်းလဲမသွားဖြစ်နဲ့ပေါ့.ဒါနဲ့ ဆရာတော်ကို ဆွမ်းကပ်ချင်လို့ ဘုန်းဘုန်းကိုလျှောက်ပြီး မင်္ဂလာဒုံက ခိုင်ခိုင်ကျော် ထမင်းဆိုင်မှာ ဘုန်းကြီးကို ဆွမ်းစားပင့်ပြီးဆွမ်းကပ်ကုသိုလ်ယူခဲ့ပါတယ်... မေတ္တာမွန်ကျောင်းမှာလဲ မိဘမဲ့ ကလေး ၁၀၀ ကျော် ကိုစောင့်ရှောက် ထားတဲ့ ဘုန်းဘုန်း ဘယ်လောက်အလုပ်များလဲဆို ၁၂ ထိုးဖို့ ၁၅ မိနစ်အလိုမှ ဆိုင်ထဲ ကြွလာနိုင်တယ်..."ဆိုပြီးတော့ သူ ဘုန်းဘုန်းကိုဆွမ်းကပ်ပြီး ကုသိုလ်ယူခဲ့ပုံလေးကို ချစ်ပရိတ်သတ်တွေကိုမျှဝေပြောပြခဲ့ပြီး ဘုန်းဘုန်းကိုလည်း သက်ရှည်ကျန်းမာပြီး သာသနာပြုနိုင်ဖို့ကိုလည်း တောင်းဆုပြုခဲ့ပါသေးတယ် ချစ်ပရိတ်သန်ကြီးရေ....

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။