ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေအခိုင်အမာနဲ့ အနုပညာခြေလှမ်းတွေကို အင်ပြည့်အားပြည့်နဲ့ လျှောက်လှမ်းလျက်ရှိတဲ့ လူငယ်မင်းသားချောလေးအိစိကွေးဆိုတာပရိတ်သတ်တွေရဲ့အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ငယ်ငယ်ကတည်းက အရမ်းကိုပဲ သရုပ်ဆောင်ကောင်းလွန်းခဲ့တဲ့ ကလေးလေးလည်းဖြစ်တာကြောင့် အချစ်ပိုနေခဲ့ရတာပါ။

ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်ပြီးကြီးပြင်းလာခဲ့တဲ့ အိစိကွေးတစ်ယောက်ဟာ အခုအချိန်မှာဆိုရင် အနုပညာအလုပ်တွေကနု ဇောက်ချလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်နော်။ အဆိုပိုင်းမှာလည်းထူးချွန် သရုပ်ဆောင်ပိုင်း ပညာရေးစတဲ့ အပိုင်းတွေမှာလည်း ထူးချွန်အောင်မြင်သူတစ်ယောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့လူငယ်အနုပညာရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

ဘက်စုံတော်တဲ့ မင်းသားချောလေး အိစိကွေးဟာ အခုတစ်ခါမှာလည်း တည်ကြည်ခံ့ညားပြီး စမတ်ကျလှတဲ့ ပုံရိပ်လေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ဖမ်းစားခဲ့ပြန်ပါပြီနော်။ သူဟာ အခုဆိုရင် ငယ်ရုပ်လေးတဖြည်းဖြည်းချင်းပျောက်သွားကာ ခပ်ဖြောင့်ဖြောင့်ရုပ်ရည်လေးနဲ့ လူရည်သန့်လေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်နော်။ သူဟာ သူရဲ့ပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာ မတင်ခဲ့တာကြာပြီဖြစ်ပြီးတော့ အခုတစ်ခါမှာအကြွေတလိုင်းအထာကျကျပုံရိပ်လေးတွေကိုတင်ကာ မိန်းကလေးပရိတ်သတ်တွေကို surprise လုပ်ခဲ့တာပါနော်။ကဲ... ဂိုက်ပေးကြမ်းကြမ်းတဲ့ ခပ်မိမိပုံစံလေးရိုက်ထားတဲ့ အိစိကွေးရဲ့အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေလိုက်ပါတယ်နော်။

Source : Eisi Kway

Photo Crd : Sue Kxet Creation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။