နေမာဟာ ရာသီအစက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းကနေ PSG အသင်းကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းမှာ မပျော်ရွှင်ဖြစ်နေတာကြောင့် နေမာဟာ စပိန်ကိုပဲပြန်တော့မယ်လို့ သတင်းတွေက ကျယ်လောင်စွာထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေဖို့ သတင်းတွေ အကြိမ်ကြိမ် ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။ 

နေမာကတော့ ဘာစီလိုနာမှာအနေအေးပေမယ့် ပီအက်ဂျီမှာတော့ ပြသနာပေါင်းသောင်းခြောက်ထောက် တတ်ခဲ့သလို ဒဏ်ရာပြသနာတွေလဲ ကြုံတွေ့နေရကာ အနီကတ်တွေ ပွဲပယ်ပြစ်ဒဏ်တွေဟာလဲ နေမာအတွက် မစိမ်းတော့ပါဘူး။ နေမာကတော့ ရီးရဲမက်ဒရစ်အသင်းထက် သူ့ကိုမွေးဖွားပေးတဲ့ အိမ်အိုကလေးဖြစ်တဲ့ ဘာစီလိုနာကိုပဲ ပြန်ပြီး မက်ဆီ ဆွာရက်ဇ်တို့နဲ့ ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။  

ဘာစီဆိုတဲ့အိမ်လေးကို ခြေစုန်ကန်ကာ ထွက်သွားခဲ့ပြီး ကျရူံးခန်းရောက်မှ နောင်တတွေရခဲ့တဲ့ အမေရဲ့ သားဆိုးလေးနေမာဟာ အိမ်ပြန်လာချင်နေတာပဲဖြစ်ပါတယ်။ နေမာဟာ ဘာစီကစားသမားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့် ဘာစီလိုနာဆိုတဲ့ အိမ်လေးက တံခါးမရှိ ဓားမရှိဖွင့်ပေးထားမှာဖြစ်ပြီး နွေးထွေးတဲ့ မေတ္တာတွေနဲ့ ဘာစီလိုနာ အသင်းသားတွေက ကြိုဆိုနေကြမှာပဲဖြစ်ပါတယ်။

source: နေမာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။