ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးတွေ ချစ်စနိုးနဲ့ အေးသောင်းလို့ ခေါ်ခေါ်နေတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားတဲ့သူလေးတစ်ယောက်ပါပဲနော်။ ဆေးစက်ကျရာ သရုပ်ပေါ်အောင် အချစ်အမုန်းအလွမ်းဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက်ပရိတ်သတ်တွေ သဘောတွေ့နှစ်သက်နေရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

ပရိတ်သတ်တွေရဲ့ သူမဟာ အခုနောက်ပိုင်းမှာ ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်နေပြီးတော့ အနုပညာခြေလှမ်းတွေပြန်လည်စိတ်လာတာကို တွေ့ရပါတယ်နော်။ သူမဟာ အနုပညာအလုပ်တွေနဲ့မအားမလပ်ဖြစ်နေပေမယ့်လည်း သူမရဲ့ချစ်ရတဲ့မိသားစုလေးကိုတော့ အမြဲလိုလိုအချိန်ပေးတတ်ပြီး မိဘနှစ်ပါးအပေါ်ကိုလည်း အရမ်းကိုသိတတ်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါပဲနော်။

အခုတစ်ခါမှာလည်း သူမဟာ KBZPayရဲ့ ချိတ်ဆက်ယှက်နွယ်ဆိုတဲ့ Campaignလေးမှာ သူမရဲ့ အရမ်းချစ်ရတဲ့ဖေဖေကိုအမှတ်တရဖြစ်စေမယ့် surpriseလေးတစ်ခုလုပ်ခဲ့ပါတယ်နော်။ " အရမ်းချစ်တယ် ဖီဖီ။ အနားမှာအမြဖြစောင့်ရှောက်ပြီး ဓာတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးတာ ကျေးဇူးပါ ။ "ဆိုတဲ့ စာသားလေးနဲ့အတူ ဖေဖေ မျက်ရည်လည်သွားရလောက်အောင် ဝမ်းသာရလောက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကို ရိုက်ပြီးလက်ဆောင်ပေးခဲ့ပါတယ်နော်။ ငယ်ငယ်ကတည်းက သူမကို ခလုတ်မထိ စူးမငြိအောင် စောင့်ရှောက်ပြီး ချစ်ပေးခဲ့တဲ့ ဖေဖေလည်း သူမရဲ့ဗီဒီယိုလေးကြောင့် ပျော်ရွှင်ရမယ်ဆိုတာ အသေအချာပါပဲနော်။ကဲ... အေးသောင်းရဲ့ဗီဒီယိုလေးကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။