ကဲ ဟာသဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် မကြာခင်မှာ ရုံတင်ပြသတော့မယ့် " စိန်ဂေါ်လီမ ယောက်ျား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ နာမည်လေးနဲ့တင် ပရိသတ်တွေကို ကြည့်ချင်လာအောင် ဆွဲဆောင်နေတဲ့ ဒီဇာတ်ကားကြီးမှာတော့ ပရိသတ်တွေအချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ ခင်လှိုင်၊ ပြေတီဦး၊ သူရိယ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဆုအိမ့်စံ၊ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြားအနုပညာရှင်တွေ စုံစုံလင်လင် ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေဆီကို အမြဲပျော်စရာတွေပဲ ယူဆောင်လာပေးတဲ့ မခိုင်လေးတစ်ယောက် စိန်ဂေါ်လီမဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ဘယ်လိုတောင် ပတ်မွှေဦးမလဲဆိုတာကတော့ တကယ်ပဲ စိတ်ဝင်စားစရာကောင်းနေတာ ဖြစ်ပါတယ်။ ရွာရိုးကိုးပေါက်လိမ့်ပြီး မွှေနေရရင် အချိန်တွေနာရီတွေမရှိတဲ့ စိန်ဂေါ်လီမကြောင့် ပရိသတ်တွေကတော့ ပါးစပ်မစိနိုင်လောက်အောင် ရယ်မောပျော်ရွှင်နေရမယ်ဆိုတာကတော့ အသေအချာပါပဲနော်။ ဒီဇာတ်ကားလေးက သဘာဝကျကျ ဟာသဆန်ဆန် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိသတ်တွေ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်မယ်လို့လည်း အာမခံနိုင်တာ ဖြစ်ပါတယ်။

အရင်ကနဲ့ လုံးဝမတူဘဲ ဟာသဇာတ်အိမ်အသစ်၊ ပြက်လုံးအသစ်တွေနဲ့ အားရပါးရခွီနေရအောင် ဖန်တီးတင်ဆက်ထားတာကြောင့် Trailer နဲ့တင် ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲလောက်အောင် ရေပန်းစားနေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ " စိန်ဂေါ်လီမ ယောက်ျား" ဇာတ်ကားကို အရမ်းကြည့်ချင်နေပါပြီဆိုတဲ့ ပရိသတ်တွေလည်း လာမယ့်ဇွန်လ(၂၇) ရက်နေ့မှာ ရုံတင်မှာဆိုတော့ အခုကတည်းက ကြိုတင်လက်မှတ်တွေဝယ်ထားဖို့လိုနေပြီနော်။ ကဲ ချစ်ပရိသတ်တွေအတွက် အူတက်အောင် ရယ်မောပျော်ရွှင်နေရမယ့် ဟာသဇာတ်ကားလေးဖြစ်တာကြောင့် "စိန်ဂေါ်လီမ ယောက်ျား" ဇာတ်ကားကြီးကို မဖြစ်မနေသွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းပေးလိုက်ပါရစေနော်။

Source:စိန်ဂေါ်လီမယောကျ်ား - ရုပ်ရှင်ဇာတ်ကားကြီး;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။