အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရကနေ့က နေရပ်ရွှေ့ပြောင်းသူတွေနဲ့ ပတ်သတ်တဲ့ သတင်းစကားအချို့ပြောကြားခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ အမေရိကန်နိုင်ငံထဲမှာ သန်းနဲ့ချီရှိနေတဲ့ နေရပ်ရွှေ့ပြောင်းသူတွေကို လာမယ့်သီတင်းပတ်ကစတင်ပြီး ဖယ်ရှားပစ်တော့မယ်ဆိုတာပဲဖြစ်ပါတယ်။

ဒီဖယ်ရှားမှုကိုတော့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အေဂျင်စီ (ICE) အဖွဲ့က ဦးဆောင်ပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၂ သန်းလောက်ရှိနေတယ်လို့လည်း သိရပါတယ်။

၎င်းရွှေ့ပြောင်းနေထိုင်သူတွေထဲက အများစုကတော့ မက္ကဆီကိုနိုင်ငံနဲ့ ဗဟိုအမေရိက နိုင်ငံတွေကဖြစ်သလို အခြားသောနိုင်ငံကလူတွေများစွာလည်း ရှိနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အမေရိကန်နိုင်ငံဟာ နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးတွေတိုးမြှင့်ချထားပြီး အရင်ကထက်ပိုပြီး လူဝင်မှုကိုတင်းကျပ်နေတယ်လို့ သိရပါတယ်။

Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။