အရှိန်ပြင်းပြင်းနဲ့ တပါတ်ပြန်လည်လာတဲ့ ရဟတ်နဲ့ ပြန်ရိုက်မိပြီး ခါးရိုးတွေ နံရိုးတွေကျိုးကုန်ပြီး တခါတည်း…………………

ဒီဖြစ်ရပ်လေးကတော့ ကြည့်နေရင်းနဲ့ကို အင်မတန်ကြက်သီးထစရာကောင်းလှပါတယ်။

အပျော်စီးရဟတ်တွေကတော့ အရမ်းလူစီးများလှတဲ့အရာတွေဖြစ်သလို အန္တရာယ်လည်းအရမ်းရှိလှတဲ့ အရာတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက Mexico နိုင်ငံမှာဆိုရင်လည်း အမျိုးသမီးလေးတစ်ဦးဟာ ခါးပတ်ပြုတ်ထွက်ပြီး အဝေးကိုလွင့်စင်သွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင်၎င်းအမျိုးသမီးဟာ ခါးပတ်ပြုတ်ထွက်ပြီး တခါတည်းအဝေးကိုလွင့်စင်သွားတာမျိုးမဟုတ်ဘဲ တွဲလောင်းကျအနေအထားနဲ့ရှိနေတဲ့အချိန်မှာ တပါတ်ပြန်လည်လာတဲ့ ရဟတ်နဲ့ ခါးကိုဖြတ်ရိုက်မိပြီး အင်မတန်ပြင်းထန်တဲ့အနေအထားနဲ့ လွင့်စင်သွားတဲ့တာပဲဖြစ်ပါတယ်။

ဒီအနေအထားဟာ နံရိုးတွေ ခါးရိုးတွေအကုန်ကျိုးသွားနိုင်သလို အခန့်မသင့်ရင် တခါတည်းအသက်ပါသေသွားနိုင်လောက်တဲ့ အနေအထားပဲဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ ဒီဖြစ်ရပ်ကြီးကိုမြင်တွေ့နေရတာဆိုရင်လည်း အင်မတန်ကြက်သီးထစရာကောင်းလှတာကြောင့် ပရိသတ်တွေမြင်တွေ့နိုင်ဖို့ ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။