ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ ဆိုတာ အနုပညာနယ်ပယ်တစ်ခုစီမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ Valentine Day နေ့က အကျင်္ ီတူတူဖြစ်နေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပြီး အားလုံးက ဝေဖန်မှုတေံ မြင့်တက်ခဲ့ပါတယ်။

ဝေဖန်မှု ဆိုတဲ့နေရာမှာ ရဲရင့်အောင်ကို ဝေဖန်ခဲ့ကြတာပါ။ ချစ်သူက ထားခဲ့လို့ အသည်းတွေကွဲနေတာမ မကြာ ချစ်သူအသစ်ရနေပြီလား ဆိုတဲ့ ဝေဖန်မှုတွေ ပလူပျံခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးကတော့ ငြင်းခဲ့ပြီး သူငယ်ချင်းတွေသာ ဖြစ်တယ်ဆိုပြီး မီဒီယာတွေထံ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယခုတစ်ခါလည်း ပရိသတ်တွေက သူတို့နှစ်ယောက် တွဲနေတယ်ဆိုပြီး ဓာတ်ပုံသက်သေတွေနဲ့ ပြောနေကြပါတယ်။

TMF နောက်ခံနဲ့ ဧငြိမ်းဖြူရဲ့ ဓာတ်ပုံမှာ ရဲရင့်အောင်ရဲ့ အကျင်္ ီ ီအကွက်ဝတ်ထားတဲ့ နောက်ကျောဓာတ်ပုံ ပါလာခဲ့ပြီး နောက်တစ်ပုံမှာ အဲ့ဒီ အကျင်္ ီ ီနဲ့ဆင်တူ သို့မဟုတ် ထိုအကျင်္ ီက ဧငြိမ်းဖြူရဲ့ ခါးမှာပတ်ထားတာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ "အကွက်လေးတွေ သိပ်လှတယ်" ဆိုပြီး ပြောနေကြပါတယ်။

ဒါ့ပြင် ဧငြိမ်းဖြူဆောင်းထားတဲ့ ကာကီရောင်ဦးထုပ်ဟာ ရဲရင့်အောင်ရဲ့ ဦထုပ်နဲ့ ဆင်တူဖြစ်နေတာမို့ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေထက်တော့ ပိုနိုင်တယ်ဆိုပြီး ကောက်ချက်ချပြောဆိုနေကြတာတွေ့ရပါတယ်။

ဒါ့အပြင်လက်ရှိမှာ သူတို့နှစ်ယောက်လို့ ပရိသတ်တွေက ယူဆနေတဲ့ ပရိသတ်တွေ ထောက်ပြထားတဲ့ အကျင်္ ီနဲ့ အတွဲတစ်တွဲဟာ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတဲ့ ဓာတ်ပုံ ထပ်မံထွက်ပေါ်လာပါတယ်။ ပရိသတ်တွေကတော့ သူတို့မှ သူတို့လို့ ဆိုနေသော်လည်း မသေချာသေးတာမို့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြပေါ့နော်……

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။