Annavelle သရဲကားဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာလူကြိုက်များလှတဲ့ သရဲကားတစ်ကားဖြစ်သလို ကြောက်စရာလည်းအရမ်းကောင်းတဲ့ သရဲကားတစ်ကားပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုကြည့်တဲ့ တချို့သောသူတွေဟာဆိုရင် ဒီသရဲကားကြည့်ပြီး ရုပ်ရှင်ရုံထဲမှာ ကြောက်လွန်းလို့ ရှူရှူးတွေတောင်ထွက်ကျတတ်တဲ့ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီသရဲကား ဘရာဇီးနိုင်ငံမှာ ရုံတင်တုန်းကဆိုရင်လည်း ထူးဆန်းတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်သွားခဲ့ပါတယ်။

ဖြစ်ပုံကတော့ ဘရာဇီးက ရုပ်ရှင်ရုံတစ်ရုံမှာ Annabelle Creation ကားကြည့်ပြီးနောက် မိန်းကလေးတစ်ယောက်ဟာ သရဲဝင်ပူးခံရသလိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ အသက် ၂၀ ကျော်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး Annabelle သရဲကားကြည့်ပြီးနောက်မှာ အသံနက်ကြီးနဲ့အော်ကာ သူမခန္ဓာကိုယ်ကို သူမပြန်လည်ထိုးနှက်နေခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ ကြောက်လန့်တကြား အော်ဟစ်ကာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကိုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

ဒါတွေအကုန်လုံးက လူမြင်ကွင်းမှာဖြစ်ခဲ့တာပါ။ သူမရဲ့ သူငယ်ချင်းတွေက သူမကို ထိန်းချုပ်ဖို့လုပ်ခဲ့သော်လည်း သူမအနေနှင့်ဆက်တိုက်ကြောက်လန့်တကြားအော်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေအားလုံးကို ပရိသတ်တွေမြင်တွေ့နိုင်စေဖို့ ဗီဒီယိုလေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။