တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ မင်းသမီးချောလေးဖြစ်တဲ့ ဘေဘီမောင်ကိုပရိသတ်ကြီးနဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက် ဘေဘီမောင်ကတော့ ဖွံ့ဖြိုးပြေပြစ်သော ကောက်ကြောင်းအလှနဲ့အတူ ပုရိသတွေရဲ့ အသည်းစွဲ ဘာဘီရုပ်လေးအဖြစ် social media လောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်...။ အရင်ချိန်တွေက sexy ဆန်ဆန်ဝတ်လေ့ဝတ်ထရှိပင်မဲ့ အခုနောက်ပိုင်းမှာဆိုရင်တော့ မြန်မာဝတ်စုံလေးတွေကိုသာအမြတ်တနိုးနဲ့ဝင်ဆင်လာတာ ဖြစ်ကြောင်းကို သတိထားတွေ့ရှိရမှာပါ..။

သူမရဲ့တစ်ဦးတည်းသော အဆိုတော်သားဂန်းနဲ့အတူ သာယာအေးချမ်းတဲ့ ချစ်သူဘဝလေးကိုတည်ထောင်နေတာဖြစ်ပါတယ်။ နှစ်ဖက်မိဘများကလည်းသဘောတူထားတာဖြစ်ပြီး သက်ဆိုင်ရာ အနုပညာအလုပ်တွေကို တစ်ဦးနဲ့တစ်ဦးဖေးမလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သူမရဲ့မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတာဖြစ်ပြီး လိမ္မာရေးကြားရှိတဲ့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူဒါန်းတွေအများကြီး လုပ်ဖို့ရည်ရွယ်ထားတဲ့သူမရဲ့ စိတ်ထားလေးဟာဆိုရင်လည်း တစ်ကယ့်ကို လေးစားစရာပါနော်...။

ဘေဘီမောင်ဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "ကျောင်းသူဘဝကစားခဲ့ဖူးသောကပ်စေးနဲလေး မစားရသာနှစ်ပေါင်းမနည်းဘူး အဲဒါလေးစားရတာငယ်ဘဝလေးကိုသတိရသွားသလိုလို လွမ်းတယ်ကျောင်းသူဘဝလေးရယ်" ဆိုတဲ့ ငယ်ဘဝကို လွမ်းဆွတ်တမ်းတမိတဲ့ status လေးကို အလှပုံရိပ်လေးတွေနဲ့တကွ ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးရေ ဘေဘီမောင်ကို ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။