ကမ္ဘာပေါ်က လူသားတော်တော်များများဟာ စဉ်းစားစရာမရှိ ကြံဖန်စဉ်းစားနေကြတာဖြစ်ပြီး မေးခွန်းတွေကိုလဲ ကြံဖန်မေးတက်ကြပါတယ်။ ခုဆိုရင်တော့ လူတွေမေးတဲ့ ခပ်ကြောင်ကြောင် မေးခွန်၂ခုကတော့ ကိုယ့်ကိုကို ပြန်စားပြီး ဘယ်နရက် အသက်ရှင်နိုင်လဲဆိုတာရယ် တိရစ္ဆာန်တွေမှာ ဘာလို့များ တစ်ကောင်ကမှ ဘီးမပါရတာလဲဆိုတဲ့ မေးခွန်းနှစ်ခုအပေါ် ပညာရှင်တွေဖြေထားတဲ့ အဖြေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဘယ်လိုအဖြေမျိုးလဲဆိုတာကို စိတ်ဝင်စားသွားလောက်ပြီးလို့ထင်ပါတယ်။ 

လူတစ်ယောက်ဟာ သဘာဝဘေးတစ်ခုခုကြောင့် တစ်ခုခုအောက်မှာပိနေမယ် ဒါမှမဟုတ်ပိတ်မိနေမယ်...အဲ့ချိန်ခါမှာ သူအကူအညီလှမ်းတောင်းမယ် ကံဆိုးတာက သူဘေးမှာ ဘယ်သူမှမရှိသလို ဘယ်သူမှလဲ အဲ့နားကို မလာကြပါဘူး။ ရက်အနည်းငယ်အကြာမှာတော့ အဲ့လူဟာ ဗိုက်ဆာလာပါလိမ့်မယ်...အဲ့အခါမှာ အသက်ဆက်ဖို့ ဘာကိုစားသုံးရမလဲ။ အဲ့ချိန်မှာ ကိုယ့်အသားကို ပြန်စားဖို့ပဲ စိတ်တွေကဖွားဖွားပေါ်လာပါပြီ။ စစားပါတော့မယ်...အရင်ဆုံးခြေထောက်က စစား....ခြေထောက်ပြီးတော့ လက်ကိုစားမယ်....ဘယ်လိုပဲစားပြီးပါစေ....အဲ့လူဟာ ၃၉ရက်ထိ အသက်ရှင်နိုင်ပါတယ်။ လူရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေမှာ ကယ်လိုရီ ၆၈၀၀၀ ပါဝင်တာမို့ လူတစ်ယောက်ကို ၃၉ရက်အထိ အသက်ရှင်နိုင်ပါတယ်။ 

နောက်မေးခွန်းကတော့ တိရစ္ဆာန်တစ်ကောင်ကမှ ဘာလို့ဘီးမပါကြလဲဆိုတာပါပဲ။ အဖြေကတော့ ရိုးရှင်းပေမဲ့ ကျကျနနလေးကို ရှင်းပြသွားပါတယ်။ ဘီးဆိုတာ လူတွေတီထင်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ နောက်တစ်ခုက ဘီးတွေက Bronze Age မှာမှ ထွက်ပေါ်လာကြတာဖစ်ပါတယ်။ အဲ့ချိန်ခါမှာ တိရစ္ဆာန်တော်တော်များများက Tool Age ကိုတောင်ရောက်ခဲ့ကြတာမဟုတ်ပါဘူး။ ပြီးတော့ ဘီးဆိုတာကလဲ လှည့်ဖို့အတွက် ဝင်ရိုးတွေလိုပါတယ်...အဲ့အတွက် ဘယ်တိရစ္ဆာန်ရဲ့ အစိတ်ပိုင်းတွေတစ်ခုကမှ မရှိလာနိုင်ကြပါဘူး။ ပြီးတော့ ဘီးဆိုတာ ဇီဝသက်ရှိမဟုတ်ပါဘူး...သက်မဲ့နဲ့သက်ရှိက မွေးကတည်းက ဘယ်လိုပေါင်းစပ်လာနိုင်မှာလဲ။ 

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။