၁၉၉၀ ခုနှစ်ဟာဆိုရင် ယနေ့ခေတ်အခါနဲ့ ချိန်လိုက်တဲ့အချိန်မှာ ခပ်ကြောင်ကြောင်ဖြစ်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ ပရိသတ်ကြီးလဲ ဟိုခေတ်က Fashion ဒီဇိုင်းတွေနဲ့ ယနေ့ခေတ် Fashion ဒီဇိုင်းတွေကို ယှဉ်ကြည့်မိမှာပါ။ ခုချိန်မှာတော့ ၁၉၉၀တုန်းက လူတွေရဲ့ အရမ်းကြိုက်ကြပါတယ်ဆိုတဲ့ ဆံပင်ပုံစံတွေကို ဘာလို့များယုံကြည့်မိခဲ့ရတာလဲဆိုတဲ့ ဆံပင်ပုံစံတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။  

ဆူချွန်ပုံစံ ဆံပင်ကတော့ 90s တုန်းက ကလေးတွေ တော်တော်များများထားခဲ့ကြတာပဲဖြစ်ပါတယ်။ ပုံမှာတွေ့တဲ့အတိုင်းပါပဲ ဆံပင်ကို အကုန်တည့်တည့်ထောင်ထားတာဖြစ်ပြီး ဘာလို့များ လူကြိုက်များခဲ့ရတာလဲ။ အဲ့ခေတ်အခါက Rock အဆိုတော် တွေတော်တော်များများဟာ အဲ့ဆံပင်ပုံစံကိုထားခဲ့ကြပါတယ်။ Vanilla Ice Hair ဆိုတဲ့ ဆံပင်ပုံစံကတော့ ယနေ့ဆံပင်ပုံစံနဲ့မကွာပေမဲ့ ပေါလွန်းအားကြီးပါတယ်။ Hawkeye ဆိုတဲ့ Hero မဖြစ်လာခင် Jeremy Renner ရဲ့ ၁၉၉၁ခုနှစ်ကထားတဲ့ ပုံစံကတော့ Mullet ဆိုတဲ့ဆံပင်ပဲဖြစ်ကာ ကြောင်တောင်နိုင်ပါတယ်။ 

ကြွက်မှီးလိုခေါ်တဲ့ကေကတော့ ယနေ့ခေတ်မှာမှ ပေါ်ထွက်လာတာမဟုတ်ပဲ 90s ကတည်းက ပေါ်ထွက်လာခဲ့တဲ့ ဆံပင်ပုံစံပဲဖြစ်ပါတယ်။ အဲ့ခေတ်အခါက မိဘတွေဟာ သူတို့သားတွေမှာ အဲ့လိုဆံပင်ထားရင် Cute တယ်ထင်နေကြပြီး တကယ်တော့ တလွဲပါပဲ။ ဘာလို့များအဲ့လိုပုံစံကိုကြိုက်လဲမသိဘူး။ Curly Mullet ဆိုတဲ့ဆံပင်ပုံစံ ကောက်ထားပြီးတော့ အရှည်ထားတာ ယနေ့ခေတ်နဲ့ ယှဉ်ရင်ကြောင်တောင်တောင် ဆန်းနေပါပြီး။ တခြားပေါ်ပြူလာဖြစ်ခဲ့တဲ့ ဆံပင်ပုံစံတွေကိုလဲ ဖော်ပြလိုက်ပါတယ်။  

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။