Godzilla ဆိုတာ ပရိသတ်ကြီးသိတဲ့အတိုင်း ကြီးမားလှပြီး ပါဝါများစွာရှိတဲ့ Monster တစ်ကောင်ပဲဖြစ်ပါတယ်။ အဲ့ကောင်ကြီးဟာဆိုရင် ၁၉၅၄ခုနှစ်တုန်းက ရုပ်ရှင်ကားမှာ စတင်ပေါ်ထွက်လာတာဖြစ်ပါတယ်။ အဲ့ကစပြီးတော့ ဂေါ်ဇီလာဆိုတဲ့ အကောင်ကြီးဟာ နာမည်ကြီးလာခဲ့ပြီး ရုပ်ရှင်ရုံးတွေ ဂိမ်းတွေထဲမှာ Combic တွေထဲမှာ ပါဝင်လို့လာခဲ့ပါတယ်။ Godzilla ဆိုတဲ့အကောင်ကြီးဟာ ကန်နေရေနေသတ္တဝါဆိုပေမဲ့ ရေထဲမှာပဲ အများဆုံးနေလေ့ရှိပပါတယ်။ 

သူ့ကိုပေါ်ထွက်လာစေတဲ့ Idea ကတော့ Nuclear radiation ကြောင့်နိုးလာတာဖြစ်ပါတယ်။ အကြောင်းအရာကတော့ ဒုတိယကမ္ဘာစစ်တုန်းက Hiroshima နဲ့ Nagasaki ကိုဗုံးကျဲတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရေဒီယို သတ္တုကြွဖြစ်စဉ်တွေစဖြစ်လာကာ သူနိုးလာရတဲ့အကြောင်းအရင်းပဲဖြစ်ပါတယ်။ Godzilla ဟာ Nuclear ဓာတုစွန့်ပစ်ပစ္စည်းတွေကို စားသုံးတဲ့သူဖြစ်ကာ အဲ့ကနေ Nuclear စွမ်းအားတွေ ရရှိတာပဲဖြစ်ပါတယ်။ 

Godzilla ရဲ့ တစ်ခါတစ်လေမှာ ဖြစ်ပေါ်တက်တဲ့ စစ်ကူတွေကတော့ Rodan, Mothra နဲ့ Anguirus တို့ပဲဖြစ်ပါတယ်။ ခုထွက်ရှိထားတဲ့ Godzilla : King Of The Monster ဆိုတဲ့ကားထဲမှာလဲ Titan 17 ကောင်ပါဝင်တာကို ပရိသတ်ကြီး သိရှိမှာပါ။ အဲ့ ၁၇ကောင်ကတော့ Godzilla, Mothra, Rodan, King Ghidorah, MUTO , Behemoth, Scylla, Methuselah, Mokele-Mbembe, Baphomet, Tiamat, Typhoon, Abaddon, Leviathan, Sargon, Bunyip နဲ့ King Kong တို့ပဲဖြစ်ပါတယ်။ Godzilla နဲ့ King Knog တို့ဟာလဲ မတည့်ကြတဲ့သူတွေဖြစ်ပါတယ်။ 

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။