၁၀.၄.၂၀၁၇ ရက်နေ့ ည ၈:၃၀ နာရီအချိန်ခန့်တွင် အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွှာနေ မတနင်္လာဖော(၁၆)နှစ်နှင့် ညီမဖြစ်သူ မနော်မူဝါး(ဆွံအနေသူ)၊ (၁၁)နှစ်၊ တို့(၂)ဦးသည် နေအိမ်၌ ရှိနေစဉ် မနော်မူဝါးမှာ မုန့်ဝယ်စားရန် တစ်ဦးတည်းရွှာထဲသို့ ထွှက်သွှားရာမှ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာ ၂၃၃၀ နာရီတွင် ကျေးရွှာအတွှင်းရှိ မူကြိုကျောင်းအနီး ကုက္ကိုပင်အောက်တွှင် ညီမဖြစ်သူ မနော်မူဝါးနှင့် စောဟေလယ်၊ (၂၆)နှစ်၊ အိမ်မဲမြို့နယ် နေသူနှင့်အတူတွေ့ရှိရသည်။

ညီမဖြစ်သူမှာ ဝတ်ထားသောဘောင်းဘီအားဆွဲတင်၍ ခန္ဓာကိုယ်တွင် ဖုန်များပေနေသည်ကိုတွေ့မြင်သဖြင့် ညီမဖြစ်သူအား နေအိမ်သို့ပြန်ခေါ်လာပြီး စောဟေလယ်နှင့် ဘာဖြစ်တာလဲဟုမေးရာ မနော်မူဝါးမှ ''ရွှာထဲသို့မုန့်သွား ဝယ်စဉ်မူကြိုကျောင်းအနီးရှိ ကုက္ကိုပင်အောက်အရောက်တွင် စောဟေလယ်မှ ဆွှဲခေါ်သွှားပြီး အလိုမတူဘဲ သားမယားအဖြစ် (၂)ကြိမ်ပြုကျင့်ခဲ့ကြောင်း" ခြေဟန်လက်ဟန်ဖြင့် ပြောပြခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်ကြောင့်အသက်(၁၁)နှစ်အရွယ် ဆွံအနေသူအား အလိုမတူပဲ သားမယားအဖြစ်ပြု ကျင့်ခဲ့သူ စောဟေလယ်အား သရက်ကုန်းနယ်မြေရဲစခန်း(ပ) ၉/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းအရင်းမြစ် သတင်းပေါင်းချုပ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။