ပြည်တွင်းမိုးရာသီရောဂါတစ်ခုဖြစ်တဲ့ တုတ်ကွေးရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးအဖွဲ့အစည်းတွေကလိုက်ပါ ဟောပြောမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ကျေးလက်နေပြည်သူလူထုများ ကျန်းမာရေး ဗဟုသုတရရှိစေရန် နှင့်မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေးရောဂါ အကြောင်းသိရှိစေရန် အသိပညာပေး ဟောပြောပွဲကို မနေ့က ညနေ ၃နာရီက ကြခတ်ကုန်း ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 

ရှေးဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်က ဆင်တုပ်ကွေး ရောဂါဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ထို့နောက် ပညာပေး ဟောပြောရာတွင် ဆင်တုပ်ကွေး ဟုခေါ်သည့် တုပ်ကွေးဗိုင်းရပ်စ်သည် ကူးစက်မှု မြန်ဆန်ပြီး သွေးလွန်တုပ်ကွေးကဲ့သို့ပင် ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ကြောင်းနှင့် ဆင်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပျံ့နှံ့တာ မြန်သည့်အတွက် ကူးစက် နိုင်ပေမယ့် လူကိုတော့ အသက်အန္တရာယ် မရှိကြောင်း ရှင်းပြခဲ့ပါတယ်။  

အဆိုပါတုပ်ကွေး၏ ရောဂါလက္ခဏာများမှာ အဆစ်အမြစ် လွန်စွာကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း၊ အရေပြားပေါ်တွင် အစက်များ ပေါ်လာမည်ဖြစ်ပြီး ပြည်သူလူထု အတွင်းကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများ ၏မေးခွန်းများကို ဆရာဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ၎င်း ဆင်တုပ်ကွေး ကျန်းမာရေး ပညာပေး ဟောပြောပွဲသို့မြို့ နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူလူထုများ တက်ရောက်ကြခဲ့ပြီး ကျန်းမာရေး ဦးစီးဌာနမှ သွေးလွန်တုပ်ကွေး ကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြောင်းသိရပါတယ်။

source - MOI  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။