ဇွန်လ ၁၉ရက်နေ့ မနေ့ကကျရောက်ခဲ့တဲ့ အမေစုရဲ့ ၇၄နှစ်ပြည့်မွေးနေ့လေးဟာ သာမာန်ထက်ပိုမိုထူးထူးခြားခြားတွေဖြစ်ခဲ့တာတွေ့ရပါတယ်။ နှစ်စဉ်အမေစုရဲ့မွေးနေ့ကို ပြည်သူများစွာက မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးလေ့ရှိပြီး မွေးနေ့ဆုတောင်းများ တောင်းပေးလေ့ရှိတာလည်းတွေ့ရပါတယ်။ ဒီနှစ်မှာလည်း ပြည်သူများစွာက မိမိတို့တက်ကျွမ်းတဲ့ဘက်က ပုံစံအမျိုးမျိုးနဲ့ မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးခဲ့ပြီး အမေစုကို ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။  

အဆိုပါ မွေးနေ့လေးမှာ ထူးထူးခြားခြား ပုံတုရုပ်တုထုခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ မန္တလေးမြို့တွင် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံးက အမြင့် ၁၆ လက်မရှိ ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝ ပုံတူ ရွံရုပ်တု ထုဆစ် ပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ လုပ်ဆောင်ဖြစ်ပုံနဲ့ပတ်သက်ပြီး '' အရင်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုံတူ နံရံကပ် ပန်းပုရုပ် (၇၃)ရုပ် ပြုလုပ်ခဲ့ပါတယ်၊ ဒီနှစ်မှာလည်း အမေစု မွေးနေ့အမှတ်တရ ဖြစ်စေချင်လို့ အခုလို ပြုလုပ်ခဲ့တာ '' လို့ပြောပြခဲ့ပါတယ်။  

အမြင့် ၁၆ လက်မရှိ ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝ ပုံတူ ရွံရုပ်တုကို ရွံစေးကို အသုံးပြု၍ ပုံဖော်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၄ရက်မှစတင်၍ ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ရွံရုပ်တု အချောသတ်ပြီးစီးနေပြီးဖြစ်ပြီး မကြာခင် မိုလ် လောင်းကာ ပလာစတာရုပ်တုအဖြစ် ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါ ပုံတူ ရုပ်တုကို ဇွန် ၁၉ရက် ညနေပိုင်းတွင် ဖိုးဝလုံး ဖေဘုတ်အကောင့်မှာ Live လွှင့်၍ မဲဖောက်ပေးပြီး မဲပေါက်သူကို ယင်း ရုပ်တုကို ပလာစတာရုပ်တုအဖြစ် ပြုလုပ်ပြီးပါက ပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

PHOTOS - Domestic 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။