“စောင့်ကြည့်မှုများ ပြုလုပ်ရန် စမတ်အိမ်သုံးထုတ်ကုန်များကိုအသုံးပြုသွားမည်ဟုအမေရိကန်အစိုးရ ဝန်ခံ”ဆိုတဲ့သတင်းတွေထွက်ရှိပြီးတဲ့နောက်ကျွန်တော်တို့တကယ်ပဲလုံခြုံနေရဲ့

လားဆိုတာကိုပြန်မေးလို့ရနေပါပြီး။ဆိုက်ဘာမသမာသူတွေဟာ စျေးပေါတဲ့ဆော့ဖ်ဝဲတစ်ခုကိုအသုံးချပြီးသူစိမ်းတစ်ယောက်ရဲ့ ကွန်ပြူတာကင်မရာကိုထိန်းချုပ်ကာ ကြည့်ရှုနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။

အဲ့သတင်းဟာနာမည်ကျော် နည်းပညာလုံခြုံရေးကုမ္ပဏီ Kaspersky ရဲ့ထုတ်ပြန်ကြေငြာခဲ့ချက်အရသိရှိခဲ့ရတာပါ။ ဒီဆော့ဖ်ဝဲဟာ AdWindလို့အမည်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး၊ ဒေါ်လာ ၅၀ လောက်သာပေးရကာ၊ အသုံးပြုရပုံကလည်းလွယ်ကူလွန်းတာကြောင့် သာမန်အခြေခံကွန်ပြူတာအရည်အချင်းရှိတဲ့လူတောင် အသုံးပြုနိုင်ကြောင်းသိရပါတယ်။

မသမာသူတွေအနေနဲ့ ဒီဆော့ဖ်ဝဲကိုအသုံးချကာ၊ မိမိပစ်မှတ်ထားသူရဲ့ အိပ်ခန်းတွင်းပုံတွေ၊ အဝတ်မပါပုံတွေကို ရယူရိုက်ကူးနိုင်ကာ၊ ဓာတ်ပုံကိုလိင်ပိုင်းဆိုင်ရာအသုံးချတာ (သို့) ငွေညှစ်တာမျိုးတွေ ပြန်လုပ်ဆောင်နိုင်ခြေရှိတယ်လို့ Kaspersky ကုမ္ပဏီရဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင် AleksandrGostev က ပြောကြားခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲရဲ့တိုက်ခိုက်မှုဟာလူတစ်ယောက်ရဲ့ကွန်ပြူတာထဲကို malware တွေအပြည့်ပါတဲ့ အီးမေးလ်တစ်ခုကိုဖွင့်မိအောင် ဆွဲဆောင်ပြီး၊ ကွန်ပြူတာစနစ်ထဲ သူ့ဆော့ဖ်ဝဲကို တိတ်တဆိတ်သွင်းသွားမှာဖြစ်ပါတယ်။ 

ဒီဆော့ဖ်ဝဲဟာ ကွန်ပြူတာ webcam တွေကိုဖွင့်ထိန်းချုပ်နိုင်သလို၊ password ရယူတာ၊ အရေးကြီးဖိုင်တွေ ကူးယူတာနဲ့၊ တိုက်ခိုက်ခံရသူတစ်ယောက် သူ့ကွန်ပြူတာမှာလုပ်ဆောင်သမျှကိုမှတ်တမ်းတင်တာ၊ဓာတ်ပုံ၊အသံနဲ့ ဗီဒီယိုတွေ မှတ်သားရိုက်ကူးနိုင်တာစတဲ့ လုံခြုံရေးချိုးဖောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။

Source: CNN News

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။