ပြည်တွင်းအထိန်းအမှတ်ပွဲအဖြစ် မကြာခဏပြုလုပ်ကျင်းပလေ့ရှိပြီး လူထုများစွာကလည်း ပါဝင်လေ့ရှိတာတွေ့ရပါတယ်။ ဇွန်လ ၂၃ရက်နေ့ ဒီကနေ့မှာလည်း ၂၀၁၉ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ၂၀၁၉-ခုနှစ် အိုလံပစ်နေ့ ကို ဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီကနေ့နံနက် (၆) အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံကွင်း ဂိတ်အမှတ်(၉)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်)မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၇၀၀)ဦးခန့်တို့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ၂၀၁၉ ခုနှစ်လူထုလမ်းလျှောက်ပွဲကို ကျိုက္ကဆံကွင်း ဂိတ်အမှတ်(၉)မှ စတင်ကာ ကျိုက္ကဆံကွင်း ဂိတ်အမှတ်(၁)ထိ စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး ကွင်းအတွင်းသို့ ဝင်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။ လူပေါင်းများစွာပါဝင်လုပ်ဆောင်ခဲ့တဲ့ လူထုလမ်းလျှောက်ပွဲပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။