အမှန်အကန်လား..အကြံအဖန်လား ???

ဒီပုံလေးကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ မြောက်ဒဂုံဘေလီတံတားအဆင်း ၃၅ မှတ်တိုင်နားမှာ ပရိတ်ရွတ်ရန် ပြင်ဆင်နေချိန်၊ ကင်မရာစမ်းတုံး ပေါ်လာတဲ့ပုံပါတဲ့..

လူတွေပြောပုံအရ ၄င်းဝိညဉ်သည် လွန်ခဲ့သည့် ၄ – ၅ လလောက်က ဒုတိယနှစ်ကျောင်းသူလေးတစ်ဦးကားတိုက်ခံပီး သေဆုံးသွားတဲ့ ပုံနဲ့ တစ်ထပ်တည်း တူနေပါသတဲ့ …

အဲဒီအချိန်တုန်းကတော့ ကျောင်းသူလေးသေဆုံးနေတဲ့ပုံကို အင်တာနက်မှာမြင်လိုက်ရဘူးပါတယ် … ခေါင်းက ပြောင်းပြန်ြဖြစ်သွားတယ်ပေါ့နော်..

ဒါပေမယ့် ခု မြင်လိုက်ရတဲ့ ၀ိညဉ်ပုံကတော့ ကျောင်းသူလေးပါလို့ လူတွေက တစ်ထစ်ချပြောရလောက်အောင် တူနေတာတော့မဟုတ်ပါဘူး ..

အဲတော့ ဒီပုံလေးဟာ အမှန်အကန်လား .. ကင်မရာမင်းတွေရဲ့ အကြံအဖန်လားဆိုတာ မသိရသေးပါဘူး..

လူတွေအားလုံး ကတော့ တကယ်ထင်နေကြတယ်ပေါ့နော်…

ဂျူးမလည်း ဓါတ်ပုံလေး တွေ့တော scan ဖတ်ပီး ယူကြည့်တာ ဘယ်လိုဆုံးဖြတ်ရမလဲ မသိပါဘူး…

သူငယ်ချင်းတို့တွေလညး် ဝေဖန်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်နော်….

သတင်းအရင်းမြစ် Thadination

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။