သင်္ကြန်ကာလအတွင်း အမှု (၁၂၀၀)ဖြစ်ပွားခဲ့ပြီး သေဆုံးသူ

(၂၈၅)ဦးသေ၊ (၁၀၇၃)ဦးဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိပါသည်။

ယမန်နှစ် သင်္ကြန် ကာလထက် အမှုပေါင်း (၂၃၃) မှုပိုမိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၃)ဦး ပိုများခဲ့

သင်္ကြန်ကာလအတွင်း အဖက်ဖက်မှလုံခြုံရေးများ ဆောင်ရွက်နေသော်လည်း ပြစ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သော အတက်နေ့တွင် ပြစ်မှုပေါင်း (၆၁)မှု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သော ပြစ်မှုများမှာ လူသတ်မှု (၁)မှုမှ သေဆုံးသူ တစ်ဦး၊ ယာဉ်တိုက်မှု (၅)မှုမှ ဒဏ်ရာရရှိသူ (၁၃)ဦး၊ နာကျင်စေမှု (၂၀)မှ ဒဏ်ရာရရှိသူ (၂၉)ဦး၊ အခြားအမှု (၇)မှု၊ လက်နက်မှု (၂)မှု၊ ယစ်မျိုးဖမ်းဆီးမှု (၂)မှု၊ ခိုးမှု / ခါးပိုက်နှိုက် မသင်္ကာမှု (၂၃)မှု၊ သေမှုသေခင်း (၁)မှုမှ သေဆုံးသူ (၁)ဦးရှိခဲ့ရာ စုစုပေါင်း (၆၁)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂)ဦး ဒဏ်ရာရရှိသူ (၄၂)ဦး ရှိခဲ့သည်။

သို့ပါ၍ ၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း စုစုပေါင်းပြစ်မှု (၁၂၀၀) ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ (၂၈၅)ဦး၊ ဒဏ်ရာရရှိသူ (၁၀၇၃)ဦး ရှိခဲ့သည်။

ယမန်နှစ် ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ကာလတွင် ပြစ်မှုပေါင်း (၉၆၇)မှု၊ သေဆုံးသူ (၂၇၂)ဦး၊ ဒဏ်ရာရရှိသူ (၁၀၈၆)ဦးရှိခဲ့၍ ယခုနှစ်တွင် ၂၀၁၆ ခုနှစ် မဟာသင်္ကြန် ကာလထက် အမှုပေါင်း (၂၃၃) မှုပိုမိုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် သေဆုံးသူ(၁၃)ဦး ပိုများခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် မဟာသင်္ကြန်နှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သောပြစ်မှုများမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ (၃၉)မှု၊ သေဆုံးသူ (၁၀)ဦး၊ ဒဏ်ရာရရှိသူ (၂၈)ဦး၊ ကချင်ပြည်နယ်၌ (၃၄)မှု၊ သေဆုံးသူ (၉)ဦး၊ ဒဏ်ရာရရှိသူ (၁၅)ဦး၊ ကယား ပြည်နယ်၌ (၇)မှု၊ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရရှိသူ (၆)ဦး၊ ကရင်ပြည်နယ်၌ (၁၅)မှု၊ သေဆုံးသူ (၅)ဦး၊ ဒဏ်ရာရရှိသူ (၃၁)ဦး၊ ချင်းပြည်နယ်၌ (၃)မှု၊ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရရှိသူ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ (၁၆၇)မှု၊ သေဆုံးသူ (၂၆)ဦး၊ ဒဏ်ရာရရှိသူ (၁၉၄)ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ (၄၂)မှု၊ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရရှိသူ (၃၅)ဦး၊ ပဲခူးတိုင်းဒေသကြီး၌ (၁၅၄)မှု၊ သေဆုံးသူ (၃၇)ဦး၊ ဒဏ်ရာရရှိသူ (၁၈၃)ဦး၊ မကွေးတိုင်းဒေသကြီး၌ (၅၆)မှု၊ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရရှိသူ (၄၅)ဦး၊ မန္တလေးတိုင်းဒေသကြီး၌ (၁၆၀)မှု၊ သေဆုံးသူ (၃၆)ဦး၊ ဒဏ်ရာရရှိသူ (၁၃၆)ဦး၊ မွန်ပြည်နယ်၌ မှု(၅၀)၊ သေဆုံးသူ ဦး(၂၀)၊ ဒဏ်ရာရရှိသူ (၆၆)ဦး၊ ရခိုင်ပြည်နယ်၌ (၄၇)မှု၊ သေဆုံးသူ (၁၇)ဦး၊ ဒဏ်ရာရရှိသူ (၆၆)ဦး၊ ရန်ကုန် တိုင်းဒေသကြီး၌ (၂၂၃)မှု၊ သေဆုံးသူ (၄၄)ဦး၊ ဒဏ်ရာရရှိသူ (၁၁၁)ဦး၊ ရှမ်းပြည်နယ်၌ (၅၉)မှု၊ သေဆုံးသူ (၂၉)ဦး၊ ဒဏ်ရာရရှိသူ (၅၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ (၁၄၄)မှု၊ သေဆုံးသူ (၂၈)ဦး၊ ဒဏ်ရာရရှိသူ (၁၀၄)ဦး ရှိကြောင်း သိရသည်။ 

ထို့အတူ မဟာသင်္ကြန်နှင့်မပတ်သက်သော သင်္ကြန်ကာလ(၄)ရက်အတွင်း ပြစ်မှု ပေါင်း (၉၉၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၆၉)ဦးနှင့် ဒဏ်ရာရရှိခဲ့သူ (၈၇၉)ဦးရှိ ကြောင်း သိရသည်။

သို့ပါ၍ ၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလ(၄)ရက်အတွင်း သင်္ကြန်နှင့်ပတ်သက်၍ ဖြစ်ပွားသော ပြစ်မှု (၁၂၀၀)၊ သေဆုံးသူ (၂၈၅)ဦး၊ ဒဏ်ရာရရှိခဲ့သူ (၁၀၇၃)ဦးရှိခဲ့၍ မဟာသင်္ကြန်ကာလအတွင်း စုစုပေါင်း ပြစ်မှု (၂၁၉၂)မှု၊ သေဆုံးသူ (၅၅၄)ဦး၊ ဒဏ်ရာ ရရှိခဲ့သူ (၁၈၅၂)ဦး ရှိခဲ့ကြောင်း သိရသည်။

Source: MOI Webportal Myanmar

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။