သရုပ်ဆောင် ဆုပန် ထွာနဲ့ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်ရဲ့ ပထမဆုံးရင်သွေးလေးကိုဝိတိုရိယဆေးရုံ၌ ၂၀၁၆ စက်တင်ဘာ ၁၅ ရက်က မွေးဖွားခဲ့လို့ အခုဆိုရင် (၇)လကျော်ပါပြီ။
ရလပြည့်အမှတ်တရအနေနဲ့ ဆုပန်ထွာက….
“ 18.4.2017
ဒီနှစ်အိမ်ဘေးမှာပွင့်တဲ့ပိတောက်ပန်းတွေရယ်၊
၇ လသား Roar Roar Kyaw လေးရယ်၊
2017ပိတောက်ပန်းတွေနဲ့အမှတ်တရ... ? …” လို့ သူ့ဖေ့ဘွတ်မှာ တင်ထားပါတယ်။
ဆုပန်ထွာတို့ ဇနီးမောင်နှံက သားဖြစ်သူကို Roar Roar ဟု အမည်ပေးရန် ကြိုတင်စီစဉ်ထား ခဲ့သလို ရင်သွေးကြိုဆိုပွဲ (Baby Shower) ပွဲကို ၂၀၁၆ ဇူလိုင် အတွင်းက ပြုလုပ်ခဲ့ပါတယ်။
‘‘Roar ဆိုတာက ခြင်္သေ့ဟိန်းဟောက်တဲ့အသံပေါ့။ ကလေး လေးရရင် အဲဒီနာမည်ပေးမယ်ဆို ပြီး နဂိုကတည်းက စဉ်းစားထား တာ။ သားသားလေးကျတော့ Roar Roar လို့ပေးလိုက်တာ’’ဟု ဆုပန်ထွာက သားဖြစ်သူကို Roar Roar ဟု အမည်ပေးဖြစ်တဲ့အကြောင်းကို Baby Shower ပွဲမှ ပြောကြားထားပါတယ်။
ဆုပန်ထွာက နှစ်ဆန်းတစ်ရက်နေ့ကလည်း မိသားစု ကုသိုလ်ယူပုံနဲ့စပ်လျဉ်းပြီးတော့
“နှစ်ဆန်းတစ်ရက်နေ့ အိမ်ကဘုရားကျောင်းဆောင်တစ်ခုလုံးကို မိသားစု သန့်ရှင်းရေးလုပ်ရင်းဘုရားတွေကိုရောင်တော်ဖွင့်ကုသိုလ်ယူကြပါတယ်။
မနှစ်က Roar Roar လေးအတွက်ရည်မှန်းပြီး ဗိုက်ကြီးနဲ့ကုသိုလ်ယူခဲ့တာမို့ ဒီနှစ်မှာတော့ Roar Roar လေးကိုယ်တိုင် ဘေးနားမှာရှိနေတာလေးကကြည်နူးစရာကောင်းတဲ့ပီတိလေးနှင့် ထူးခြားမှူလေးတစ်ခုလိုခံစားရပါတယ်။
မြန်မာနှစ်ဆန်း၁ရက်နေ့ကိုစိတ်အေးချမ်းသာစွာဖြတ်သန်းခဲ့ပြီးပါပြီ။
အားလုံးပဲ တစ်နှစ်ပတ်လုံး အဓိကကိုယ်ကျန်းမာစွာ၊ ဘဝမှာအရေးအကြီးဆုံး စိတ်ချမ်းသာမှူ များစွာနဲ့ပြီးပြည့်စုံကြပါစေလို့ ဆုတောင်းပေးရင်း........
* ကိုယ်ကိုယ်တိုင်အိမ်ထောင်ရှင်မ ဖြစ်၊ အိမ်မှာလူကြီးကတစ်ယောက်မှမရှိ(မြန်မာ့ရိုးရာထုံးတမ်းစဉ်လာလေးတွေတတ်သလောက်မှတ်သလောက်၊ကြားဖူးသလောက်လိုက်လုပ်ရင်း)
နှစ်ဆန်းတစ်ရက်မို့တစ်အိမ်လုံးသန့်ရှင်းရေးတွေလုပ်၊
စားဖို့သောက်ဖို့လဲလုပ်ရင်း ဘုရားဆွမ်းတောင်ကပ်ဖို့မမှီတဲ့အဖြစ်၊ (ရဲဘော်လေး စေး စေးစေး ရှိနေလို့အတော်သက်သာတာ)
သားသား Roar Roar လေးအတွက်လဲလုပ်ရ။(ဒါတောင်သားသားရဲ့ မမဆရာမ ရှိနေလို့ he he ) ဒါပေမယ့်တစ်နေ့လုံးဒေါင်ချာဆိုင်းသွားရပါတယ်။
အော်.....အရင်ကအမေအကုန်အဆင်သင့်လုပ်ပေးထားတတ်တာတွေအားလုံးဟာ အိမ်ထောင်ကျတော့အကုန်ကိုယ့်တာဝန်ချည်းပါလားဆိုတာသိလာရတဲ့နေ့လေး...????????
ဒါမယ့်...ပျော်တယ်လေ....???” လို့သူ့ဖေ့ဘွတ်မှာရေးထားပါတယ်။
Source: ဆုပန်ထွာဖေ့ဘွတ်
AYK
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။