ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့စုံတွဲလေးကတော့ တွဲလာတဲ့အချိန်တွေလည်းကြာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန် ထိ နှစ်ယောက်သားနားလည်မှုအပြည့်နဲ့ ချစ်စ ခင်စ ကြင်နာစတုန်း ကလိုပဲ ရင်းနှီးနွေးထွေးနေဆဲပါ။ အချိန်တွေကြာလေလေ အချစ်တွေပိုပိုပြီး ခိုင်မြဲလာ လေလေဖြစ်တဲ့ နှစ်ယောက်သားရဲ့ Relationship လေးကတော့ အားကျစရာပဲနော်။ ကိုယ်ပိုင်အနုပညာလမ်းကြောင်းကိုယ်စီပေါ်မှာလျှောက်လှမ်းနေကြပြီး အောင်မြင်မှု တွေကိုယ်စီ ရရှိထားသူတွေပါပဲ။

နှစ်ယောက်အတူ ရတနာဆိုင်ကြီးကိုလည်းဖွင့်လှစ်လိုက်ပြီး အကျိုးတူစီးပွားလေးတစ်ခု ဖန်တီးလိုက် ကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ရွှေလက်တွဲမယ့် မင်္ဂလာသတင်း ကိုတော့ အားလုံးကမျှော်လင့်နေကြပေမယ့် လက်ရှိအချိန်ထိတော့ ချစ်သူဘဝလေးက အသာယာဆုံးပါပဲ။ အပြန်အလှန်သစ္စာတရားတွေနဲ့ နှောင်ဖွဲ့ထားတဲ့ ဒီ Relationship လေးက မခိုင်မြဲစရာမရှိပါဘူး။

သူမဘယ်သွားသွား ဘာလုပ်လုပ်အနားမှာအမြဲရှိနေတတ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းကာ သူမရဲ့ Snap ပုံလှလှလေးတွေကိုလည်း ရိုက်ပေးတတ်တဲ့ ချစ်သူကို ချစ်စနိုးလေးနဲ့ " ကော်ကော်ကျို " ဆိုပြီး ခပ်နောက်နောက်လေး တင်လိုက်တာပဲဖြစ်ပါ တယ်။ ချစ်စရာကောင်းတဲ့ ဒီစုံတွဲလေးအမြန်ဆုံး ပေါင်းဖက်ရစေကြောင်း ဆုတောင်းပေး လိုက်တယ်နော်။

Photo - Nann Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။