ချစ်စရာကောင်းပြီးဖြူစင်တဲ့ Social Influencer လေး ဖြူဖြူထွေးတစ်ယောက် အမြဲလိုလို ရိုးရိုးရှင်းရှင်း လေး နေတတ်ပြီး အေးချမ်းတဲ့သူမရဲ့ပုံရိပ်လေးတွေကို အမြဲလိုလို လူမှုကွန်ယက်မှာဝေမျှတတ်ပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပါပဲ။ ရိုးသားတဲ့ တောသူလေးမို့ သူမတို့နယ်မှာရှိတဲ့ ရိုးရာဓလေ့တွေနဲ့ အစားအသောက်လေးတွေကို လည်း Video လေးတွေနဲ့ ရိုက်ပြတတ်ပါသေးတယ်။

အသက်အရွယ်ငယ်ရွယ်ပေမယ့် အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်နေပြီး သူမရဲ့ ဖြူစင်ရိုးသားတဲ့ အပြူအမူလေးတွေနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ချစ်ခင်သူတွေ တစ်နေ့တခြားပိုပိုပြီး ပေါများလာပါတယ်။ အခုဆိုရင်တေ့ာ သူမရဲ့ Post တိုင်းမှာ သူမကို ချစ်ခင်သူတွေသာရှိနေပြီး ခပ်ရိုင်းရိုင်းမှတ်ချက်တွေ မမြင်ရတော့လောက်အောင်ပါပဲ။

သူမရဲ့သနပ်ခါး selection ပုံရိပ်လေးတွေကို " သနပ်ခါးကြိုက်လားဟင် " ဆိုပြီး တင်ထား တာပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ရိုးရာသနပ်ခါးနဲ့ ရိုးရိုးရှင်းရှင်းမြန်မာဝတ်စုံလေးတွေကို သာ အမြဲလိုလို ဆင်မြန်းတတ်တဲ့ ရိုးသားတဲ့တောသူလေးဖြူဖြူထွေးရဲ့ အေးချမ်းတဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။