ပျိုပျိုမေတို့ကြားမှာ ရေပန်းစားလွန်းတဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ မိုးယံဇွန်ကတော့ အချစ်သစ်နဲ့ အရမ်းကိုသာယာနေတာပဲဖြစ်ပါတယ်။ ချစ်သူက ဘယ်သူဆိုတာကို မဖော်ပြ ထားပေမယ့် ချစ်သူနဲ့ အမြဲတူတူရှိနေပြီး ပျော်ရွှင်နေတတ်တဲ့ ပုံရိပ်လေးတွေကိုတော့ ဝေမျှတတ်သူတစ်ယောက်ပါ။ မိုးယံဇွန်ချစ်သူဟာ ဘယ်သူဘယ်ဝါဆိုတာကို အားလုံးက သို့လော သို့လောဖြစ်နေသည့်တိုင် မိုးယံဇွန်ကတော့ ချစ်သူလေးကို ထုတ်မပြသေးပဲ ဖွက်ထားဆဲပါ။

မနေ့က မိုးယံဇွန်ရဲ့မွေးနေ့လေးမှာဆိုရင် ချစ်သူလေးက မိုးယံဇွန်တစ်ယောက်တည်းစားဖို့ ဆိုပြီး ကိတ်အကြီးကြီးပေါ်မှာ " Happy 31 Birthday KoKo " ဆိုပြီး လက်ဆောင်ပေးခဲ့တာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်ဖိုးကြီး LV တံဆိပ်နဲ့ ခါးပတ်တစ်ခုကိုလည်း ထပ်မံပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။ ပစ္စည်းတန်ဖိုးထက် ရင်ထဲကမေတ္တာက ပိုပြီး လေးနက်ပါတယ် ပရိသတ်ကြီးရေ။

ချစ်သူလေးလက်ဆောင်ပေးတဲ့ ကိတ်အကြီးကြီးကို ဝမ်းသာအားရသယ်လာတဲ့ သူ့ရဲ့ပုံရိပ် လေးကို " တယောက်ထဲစားဖို့ဆိုပဲ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မိုးယံဇွန်ကတော့ အပျော်ကြီးပျော်လို့ နေပါတယ် ပရိသတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ချစ်သူလေးက ဘယ်သူဖြစ်မယ်ဆိုတာကို အားလုံးက အရမ်းကိုသိချင်နေကြပါပြီနော်။

Photo - Moe Yann Zune

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။