X Box ကိုတော့ သူ့ပရိသတ်တွေက သားလိမ္မာလေးဆိုပြီး ပိုပြီးအချစ်တွေတိုးလာတော့မှာပဲ။

မနေ့က ဧပြီလ(၁၈)ရက်နေ့မှာကျရောက်တဲ့ ရက်ပါအဆိုတော် ရဲဂေါင်ဖူး(X Box) ရဲ့ မိခင်ဖြစ်သူမွေးနေ့ကို X Box က ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်ပူဇော်ကာ ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

အမြဲတမ်းအသစ် သီချင်းနဲ့ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ X Box ဟာ ဘုရားမှာ မိခင်နဲ့အတူ အဖော်ပြုကာ ကုသိုလ်လုပ်ပေးခဲ့တာပါ။

ဒါ့ပြင် နှစ်ဆန်းတစ်ရက်နေ့ကလည်း VeVe အချိုရည်မိသားစုနဲ့အတူ ရွှေတိဂုံဘုရားအနောက်ဘက်မုုဒ်မှာ ဘုရားဖူးလာသူများကို အအေးစတုဒိသာ ဆက်ကပ်လှုဒါန်းခဲ့ပါတယ်။

ဒီလိုမွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတွေအတွက် X Box ဒီ့ထက်မက အနုပညာအလုပ်တွေ အောင်မြင်ပါစေနော်။  

သတင်းအရင်းမြစ် X box fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။