အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ ကြော်ငြာမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးဖြတ်သန်းနေပါတယ်။

သမီးလေး(၃)ယောက်ရဲ့ မေမေ နန္ဒာလှိုင်တို့မိသားစုပုံရိပ်လေးတွေဟာ လူမှုကွန်ရက်မှာ အများအားကျကြည်နူးစရာလေးဖြစ်ခဲ့ပါတယ်။

ဒီနေ့ ဧပြီလ(၁၉)ရက်ကတော့ နန္ဒာလှိုင်ရဲ့ သမီးလတ် ရတီလေး ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။

ဝဝကစ်ကစ်ချစ်စရာကောင်းတဲ့ သမီးလေးတွေချည်းပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ကတော့ သမီးလတ်ရတီလေး မွေးနေ့မှာ ဖေ့ဘုတ်စ်ကနေအခုလို ဆုမွန်ကောင်း တောင်းပေးထားတာကို တွေ့ရပါတယ်။

“Happy Birthday ပါသမီးလေးရတီ

ဖေဖေမေမေတို့ရဲ့ ချစ်ခြင်းနဲ့ အရာရာပြီးပြည့်စုံပါစေ

We Love You so much”

နန္ဒာလှိုင်တို့ မိသားစုဟာ သင်္ကြန်ရက်မှာလည်း ကလေးတွေနဲ့အတူ နေအိမ်ရှေ့မှာပဲ သင်္ကြန်ရေပက်ခဲ့ကြပါတယ်။

ပရိသတ်ကြီးလည်း ရတီလေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါဦးနော်။  

သတင်းအရင်းမြစ် Nandar Hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။