Soompi အွန်လိုင်းပေ့ချ်ကနေ မင်းသာ လီမင်ဟိုရဲ့ စစ်မှုထမ်းနေ့ရက်ကို ကြော်ငြာလိုက်ပါတယ်။ မင်းသားဟာ မေလ ၁၂ ရက်နေ့ကစလို့ ဆိုးလ်မြို့ ဂန်းနမ်ရပ်ကွက်က နယ်မြေစခန်းမှာ ပြည်သူ့အမှုထမ်းအရာရှိအဖြစ် စတင်တာဝန်ယူမှာဖြစ်ပြီး နောက်ပိုင်းမှ စစ်တပ်ထဲဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။

မင်းသားရဲ့အချစ်ရေးကတော့ အဆိုတော်-မင်းသမီး ဘေဆူဇီနဲ့ သာယာနေဆဲအနေအထားမှာရှိနေပြီး လတ်တလောကလေးတင် ကလေးရဖို့ မျှော်လင့်နေပြီဆိုတဲ့ ကောလဟာလထွက်ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က တိတ်တိတ်လေး စေ့စပ်ထားတယ်လို့လည်း ပြောနေကြပါတယ်။ ခုလို စစ်မှုထမ်းဝင်ရတော့မယ်ဆိုတော့ မင်းသား လီမင်ဟိုရဲ့ ဇာတ်ကားများကို ပရိသတ်များ အနည်းဆုံး နှစ်နှစ်လောက်တော့ ကြည့်ရတော့မှာမဟုတ်ပါဘူး။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။