ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတဲ့ မန္တလေးကျူံးအနီးရှိ အများပြည်သူပိုင် Food Box ကိုတော့ အားလုံး သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာအနှံ့အပြားမှာ ရေပန်းစားသွားခဲ့တဲ့ အဆိုပါ ပရဟိတလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံအများအပြားက ချီးကျူးလျှက်ရှိတာလည်းတွေ့ရပါတယ်။   

အဆိုပါ မန္တလေးမြို့ရှိ အခမဲ့ Food Box နည်းတူ ပြည်တွင်းတိုင်းဒေသကြီးအနှံ့အပြားမှာလည်း လိုက်ပါလုပ်ဆောင်လာကြပြီး ပရဟိတအဖွဲ့များစွာကပါဝင်လှူဒါန်းလေ့ရှိတာတွေ့ရပါတယ်။ ၎င်းအခမဲ့ Food Box လုပ်ဆောင်မှုတွေထဲမှာ မော်လမြိင်မြို့နဲ့အတူ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ လည်း လုပ်ဆောင်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မြို့ ပထမဆုံး အခမဲ့ Food Box ကို လှည်းတန်း၊ တာမွေ၊ မြေနီကုန်နေရာသုံးနေရာတွင်သာမက ဗိုလ်တစ်ထောင်မြို့နယ်အတွင်းမှာလည်း ထပ်မံဖွင့်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ဗိုလ်တစ်ထောင်မြို့နယ် Food Box ကိုတော့ ဇွန်လ ၂၇ရက်နေ့ ဒီကနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ထားရှိခဲ့တာဖြစ်ပြီး အအေး မုန့်နဲ့အတူ အခြားအခြားအိမ်သုံးပစ္စည်းတွေကိုလည်း ထည့်ထားပေးကြောင်း သိရပါတယ်။ မြန်မာပြည်အနှံ့ပျံနှံ့လာတဲ့ Food Box ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - pyi myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။