မြန်မာမလေးတစ်ယောက်ကိုချစ်မိရာကနေ မြန်မာလူမျိုးတွေအကြောင်းကိုပိုသိလာပြီး

မြန်မာနိုင်ငံကိုချစ်ခင်သွားတဲ့သူ ၊ မြန်မာပြည်ရဲ့ လူနေမှုဘဝမှာ မြန်မာတစ်ယောက်အလားအံဝင်အောင်နေထိုင်နိုင်ပြီး

မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလဲလုပ်နေတဲ့သူ ၊ လက်ဖက်ရည်ဆိုင်မှာမြန်မာသူငယ်ချင်းတွေဆီက စကားသင်ရင်း

့မြန်မာစကားကိုရေရေလည်လည်ပြောတတ်တဲ့ ဂျာမန် Rapper လေး Mikis ကို သတိရကြသေးရဲ့လား ?

အပြင်ပန်းသွင်ပြင်ကိုမဟုတ်ဘဲ စိတ်ထားကိုကြည့်ပြီး ချစ်သူရွေးမယ်လို့ အင်တာဗျူးမှာဖြေဖူးတဲ့ Mikis က

မြန်မာမလေးတစ်ယောက်နဲ့ စုံတွဲပုံတွေ online မှာပျံနှံလာခဲ့ပြီး အဲဒီ မိန်းကလေးက ဘယ်သူဆိုတာကို

ပရိတ်သတ်တွေက အရမ်းစိတ်ဝင်စားနေကြပါတယ် ။ တကယ်ပဲချစ်သူတွေ ဟုတ်လားမဟုတ်ဘူးလားဆိုတာတော့ Mikis ကိုယ်တိုင်က

တရားဝင်ပြောကြားထားတာမတွေ့ရသေးပေမယ့် ထိုပုံကိုမြင်တဲ့ ပရိတ်သတ်တွေကတော့ ချစ်သူတွေပါလို့

ထင်မြင်ချက်တွေပေးနေကြတာကိုတွေ့ရပါတယ် ။ Mikis နဲ့ အတူတွဲတွေ့ရတဲ့ ပုံထဲကမိန်းကလေးရဲ့ အမည်ကတော့

မေသဇင်နိုင်လို့ခေါ်ပါတယ် ။ နောက်ဆက်တွဲသတင်းအရ တကယ်တမ်းမှာတော့ သူတို့ကချစ်သူတွေမဟုတ်ကြပါဘူးတဲ့ ။

Mikis ရဲ့ သူငယ်ချင်းပါလို့ ပုံထဲကမိန်းကလေးက ဆိုပါတယ် ။ ။ ပုံကိုမြင်ပြီး Mikis ချစ်သူရသွားပြီထင်လို့ အသည်းကွဲနေတယ်ဆိုတဲ့

Mikis ရဲ့ Fan လေးတွေ စိတ်အေးကြတော့နော် ...

Photo Source : ဒိတ်ဒိတ်ကြဲတို့

Video Source : Mizzima 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။