လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့က Food Box တွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေချိန်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ဘိန်း ကျေးရွာကလေးမှာတော့ စာအုပ်သေတ္တာ(Book Box)တွေကို ရပ်ရွာအကျိုးသယ်ပိုးသူတစုက လုပ်ဆောင်နေကြပါတယ်။ ဒီ Book Box တွေ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေဖို့ တတပ်တအားပါဝင်ခဲ့တဲ့ သူတွေထဲက တယောက်ဖြစ်တဲ့ Blogger Non Htaw Mon ကတော့ B _ Book အမည်နဲ့ ဖေ့စ် ဘွတ်ခ်စာ မျက်မှာပေါ်မှတဆင့် ခုလိုရေးသားဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။ 

“ကျမတို့ရွာက BookBox ပါရှင့်… သူတို့လည်း Food Box လုပ်နေတဲ့အချိန်မှာ ကျမတို့ လည်း ကျမတို့ရွာအတွက် BookBox လုပ်ပေးပါတယ်။(ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ)။ Read For Change ဆိုတဲ့ခေါင်းစဉ်နဲ့ Campaign လေးတခုကို ညနေ ၅နာရီ၊ ရွာရဲ့အချက်အချာကျတဲ့နေရာမှာလုပ်ခဲ့ပါတယ်” ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

သစ်သားအိမ်ကလေးတလုံးပုံစံ စာအုပ်တွေ ထည့်သွင်းထားရှိနိုင်တဲ့ ချစ်စရာ Book Box က လေးတွေဟာ လက်ရှိမှာတော့ ကော့ဘိန်းရွာကလေးမှာ ၂ လုံးရှိနေပြီ ဖြစ်ကာ တလုံးမှာ စာအုပ် ၂၅ အုပ်ထိ ဆံ့ပြီး စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်၊ အတွေးအခေါ်နဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ထည့် သွင်းထားရှိတယ်လို့ သိရပါတယ်။ ဒီ Book Box ကလေးတွေ ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကို လေးစားစွာဖြင့် မျှဝေပေးလိုက်ပါတယ်။

Photos - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။