ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ H1N1 ရောဂါကိုတော့ အားလုံးလည်း သတိပြုမိကြမယ်ထင်ပါတယ်။ အသက်အန္တရယ်ရှိရောဂါတစ်မျိုးဖြစ်သလို ပြည်တွင်းနေရာအနှံ့မှာလည်း အဆိုပါ ရောဂါကြောင့် ကွယ်လွန်သူတွေများစွာရှိလာပြီဖြစ်ကြောင်း သိရပါတယ်။  

ဇွန်လ ၂၇ ရက်နေ့ ဒီကနေ့ မှာလည်း ဟယ်လ်ပင် ကလေးဆေးရုံကြီးတွင် ရာသီတုတ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားသော အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်ကတော့ အသက် ၄ နှစ်သာ ရှိသေးတဲ့ ယောကျာၤးလေးတစ်ဦးဖြစ်ပြီး ရုပ်အလောင်းအား ထိန်ပင်သုဿာန်သို့ မီးသဂြိၤုလ်ရန် သို့ဆောင်ခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ ရုပ်အလောင်းနဲ့ပတ်သက်ပြီး နာရေးကူညီမှုအသင်းကလည်း "၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်း ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သံသယရှိသော ရုပ်အလောင်းများကို ကူညီပို့ဆောင်မီးသဂြိုလ်ပေးခဲ့သည်မှာ ယခုအလောင်း အပါအဝင် သံသယရှိသော ရုပ်အလောင်း(၆)လောင်း" အထိရှိပြီဖြစ်ကြောင်း ပြောကြားထားတာတွေ့ရပါတယ်။ ပရိသတ်တွေကြားမှာရေပန်းစားလာတဲ့ ရာသီတုတ်ကွေး H1N1 ကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းသယ်ဆောင်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - နာရေးကူညီမှုအသင်း ရန်ကုန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။