အလှမယ်ဘဝကနေ တစ်ဆင့် နာမည်ရလာတဲ့ အဆိုတော် ၊ သရုပ်ဆောင် ခွန်းဆင့် နေခြည် ဟာ အနုပညာလောကမှာသာမက မိန်းကလေးချင်းတောင်အားကျရတဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာပါ။

ပရိသတ်အခိုင်အမာရရှိထားတဲ့ ခွန်းဆင့်နေခြည်ဟာ သင်္ကြန်ရက်တုန်းက နေပြည်တော်မဏ္ဍပ်မှာ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။

သီချင်းတွေဆိုရင်းနဲ့သာမက အပြင်မှာလည်း တစ်ယောက်တည်း ပျော်ပျော်ရပ်တည်နေတတ်တဲ့ ခွန်းဆင့်နေခြည်က သူ့ရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ အခုလို ဖွင့်ဟထားပါတယ်။

ခွန်းဆင့် စားနေတဲ့ပုံကြည့်ပြီး စိတ်ချမ်းသာစရာပါပဲနော်။

“စားစရာရှိရင်စားမယ် လုပ်စရာရှိရင်လုပ်မယ် သင်ယူစရာရှိရင်သင်ယူမယ် စိတ်ညစ်စရာ စိတ်ရှုပ်စရာ အပူအလောင် ကဂျိုးကဂျောင် အလုပ်တွေကို ခပ်ဝေးဝေးကရှောင်မယ် မိမိကိုယ်ကို ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်ထားတယ် အေးရာအေးကြောင်းဘဝကို ပျော်ပျော်လေးပဲ ဖြတ်သန်းမယ် သူများနှာခေါင်းပေါက်နဲ့ အသက်ရှုရတာထက် ကိုယ့်နှာခေါင်းပေါက်နဲ့ကိုယ် ကိုယ့်စိတ်ကြိုက် ကိုယ်ရှုချင်တဲ့ အချိန် ရှုလို့ရအောင်နေတယ် ကဲ ဘယ်လောက်သာယာလိုက်သလဲ အေးဆေးလေးပဲ အော်

စကားမစပ်ဘာတွေစားနေလဲ မမေးခင်ပြောထားမယ် မာလာဟင်းတဲ့ကွယ် စပ်မှစပ်.”

အပူအပင်စိတ်ထဲမထားပဲ ပျော်ပျော်နေတတ်တဲ့ ခွန်းဆင့် ရဲ့ စိတ်ဓာတ်ကတော့ အတုယူစရာပါပဲနော်။

ခွန်းဆင့်ကို ချစ်တဲ့ ပရိသတ်တွေရှိလား ။  

သတင်းအရင်းမြစ် khun sint fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။