ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတဲ့ မန္တလေးကျူံးအနီးရှိ အများပြည်သူပိုင် Food Box ကိုတော့ အားလုံး သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာအနှံ့အပြားမှာ ရေပန်းစားသွားခဲ့တဲ့ အဆိုပါ ပရဟိတလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံအများအပြားက ချီးကျူးလျှက်ရှိတာလည်းတွေ့ရပါတယ်။ အဆိုပါ မန္တလေးမြို့ရှိ အခမဲ့ Food Box နည်းတူ ပြည်တွင်းတိုင်းဒေသကြီးအနှံ့အပြားမှာလည်း လိုက်ပါလုပ်ဆောင်လာကြပြီး ပရဟိတအဖွဲ့များစွာကပါဝင်လှူဒါန်းလေ့ရှိတာတွေ့ရပါတယ်။  

၎င်းအခမဲ့ Food Box လုပ်ဆောင်မှုတွေထဲမှာ မော်လမြိင်မြို့နဲ့အတူ ရန်ကုန်မြို့နေရာအနှံ့အပြားနှင့် လက်ရှိတနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း လုပ်ဆောင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လမ်းသွားလာရင်း မည်သူမဆိုစားသုံးနိုင်သည့် Food Box (၃)ခု ကို စေတနာရှင်များ လှူဒါန်းမှုဖြင့် ဇွန်လ(၂၇)ရက် နံနက်ပိုင်းတွင် လူစည်ကားရာနေရာ(၃)ခု၌ စတင်ထားရှိကြောင်း သိရပါတယ်။  

Food Box ကို လူစည်ကားရာနေရာဖြစ်သော ကမ်းနားလမ်း၊ ပြည်တော်သာ ရေဆင်းတံတားအနီး၊ စပါးရွှေဝါလမ်း ပြည်သူ့ဆေးရုံအနီး၊ ပြည်သာယာလမ်းမ ပဒုမ္မာလမ်းထိပ်တို့တွင် ထားရှိပြီး (၅)ပေ၊ (၄)ပေ (၃)ခန်းရှိ Food Box တွင် အစားအစာနှင့် ရေသန့်များ၊ အချိုရည်များ ထည့်ထားသည်ကို တွေ့မြင်ရပါတယ်။ ကမ်းနားလမ်းနှင့် စပါးရွှေဝါလမ်းရှိ Food Box ကို ကိုးရီးယားရောက် မြန်မာ(မြိတ်) ရွှေ့ပြောင်း လုပ်သားများ မတည်မှုဖြင့် ကိုအောင်ဟိန်းကျော် ဦးဆောင်သော သူငယ်ချင်းများ၊ တက္ကသိုလ် ကျောင်းသား/သူများ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပဒုမ္မာလမ်းထိပ်ရှိ Food Box ကို ကိုနိုင်ဦး က မ,တည် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

photos - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။