တစ်ချို့ မိန်းကလေးတွေက တစ်ယောက်တည်းလည်း နေတတ်ပါတယ်။ ချစ်သူရှိမှမဟုတ်ပါဘူး။ သင်တို့ ကိုယ့်ကိုယ်ကိုယ်ရော အချစ်ရှာသင့်လား၊ မရှာသင့်လား သိရဲ့လား။ ဘယ်လိုမိန်းကလေးမျိုးတွေက ချစ်သူမထားသင့်လဲဆိုတာ ဒီမှာပြောပြထားပါတယ်နော်။

၁။ မက်ဆေ့ချ်ပို့ရတာ မကြိုက်တဲ့မိန်းကလေးများ

ဒါက ချစ်ရေးချစ်ရာမှာ အရေးကြီးတဲ့နေရာက ပါနေတယ်။ မက်ဆေ့ချ်ပို့တာကလေ။ ချစ်သူနှစ်ဦး မက်ဆေ့ချ်တွေ အပြန်အလှန်ပို့ပြီး ကျီစယ်နေရတာကလည်း အရသာတစ်မျိုးပါပဲ။ ဒါပေမယ့် သင်ရဲ့ပုံစံက အိမ်ကအမေ မက်ဆေ့ချ်ပို့ရင်တောင် ပြန်ပို့ရမှာပျင်းတဲ့ မိန်းကလေးမျိုးလား။ ဖုန်းတစ်ချိန်လုံး လက်ကကိုင်ပြီး ဆော့နေရတာ မကြိုက်ဘူးလား။ Facebook သုံးရင်လည်း Messanger ကို ဖြတ်ထားတတ်တဲ့ မိန်းကလေးမျိုးလား။ ဒါဆိုရင်တော့ တစ်ယောက်တည်းနေတာ အကောင်းဆုံးပါပဲနော်။

၂။ အလုပ်များတဲ့ မိန်းကလေးများ

ဒါကြောင့် အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ မိန်းကလေးတွေက ချစ်သူမရှိကြတာပါပဲ။ သင့်ဟာ နေ့တိုင်းလိုလို အလုပ်တွေပိနေပြီး အိမ်မှာတောင် ညဘက်နက်မှာ ပြန်အိပ်ရတယ်ဆိုရင်တော့ လုံးဝ ချစ်သူမရှာသင့်ပါဘူး။ သင့် ထမင်းစားချိန်တောင် သင်လုနေရတဲ့အခြေအနေမှာ တစ်ခြားသူတစ်ဦးကို အချိန်ပေးဖုန်းပြောဖို့တွေ၊ မက်ဆေ့ချ်ပို့ဖို့တွေ၊ အချိန်ပေးဒိတ်ဖို့တွေ မလုပ်နိုင်ရင်တော့ ကောင်းမွန်သာယာတဲ့ Relationship တစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

၃။ ကိုယ်ကြိုက်တာကိုယ်လုပ်တတ်တဲ့ မိန်းကလေးများ

အိမ်မှာ သင်ကဗိုလ်ပဲ။ သင်ကြိုက်တာကို တစ်အိမ်လုံးကလိုက်လုပ်ပေးရတဲ့ တစ်ဦးတည်းသောသမီး။ ဒါမှမဟုတ် လိုချင်တာမရရင် ပေါက်ကွဲပစ်တတ်တဲ့စိတ်ကြီးတဲ့ အငယ်ဆုံးသမီးဖြစ်နေမယ်ဆိုရင်တော့ ချစ်သူမရှာပါနဲ့။ သင်ကြိုက်တဲ့ အစားအသောက်ကိုပဲ သူအမြဲတမ်းလိုက်စားပေးနေနိုင်မှာ မဟုတ်သလို၊ သင်သွားချင်တဲ့နေရာကိုပဲ သူတကောက်ကောက်လိုက်နေမှာ မဟုတ်ပါဘူး။ Relationship တစ်ခုကို တည်ဆောက်တဲ့အခါ တစ်ယောက်အကြိုက် တစ်ယောက်လိုက်ပေးရတာမျိုးတွေရှိပါတယ်။

၄။ တစ်ယောက်တည်းပဲ အိပ်တတ်တဲ့ မိန်းကလေးများ

သင်က ငယ်ငယ်ထဲက တစ်ယောက်တည်းပဲ အိပ်လာတာလား။ အိပ်တဲ့အချိန် ဟောက်တာ၊ ယောင်တာနဲ့ အသားလာထိတာတွေကို လုံးဝလုံးဝမကြိုက်ဘူးလား။ ဒါဆိုချစ်သူမရှာသင့်ပါဘူး။ သင့်ရဲ့ကုတင်ကို ခွဲဝေမပေးနိုင်သရွေ့တော့ သင်အဆင်ပြေမှာ မဟုတ်ပါဘူးနော်။

ဒီလိုအကျင့်လေးတွေ ရှိတဲ့မိန်းကလေးတွေက ချစ်သူရှာလို့မရဘူးဆိုပေမယ့်လည်း တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ သူ့အလိုလို အကျင့်လေးတွေပြင်သွားလေ့ရှိပြီး တကယ်ချစ်တဲ့သူတွေကလည်း နားလည်ခွှင့်လွတ်ပေးလေ့ရှိပါတယ်နော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။