အားကစားနဲ့ပတ်သက်ပြီး ပြည်တွင်း မျိုးဆက်သစ်လူငယ်များစွာကို မွေးထုတ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မျိုးဆက်သစ်လူငယ်တွေကို အြခေခံပညာကျောင်းတွေမှာ အဓိကရှာဖွေလျှက်ရှိပြီး ကျောင်းပေါင်းစုံ စုပေါင်းဘောလုံးပြိုင်ပွဲတွေကိုလည်း မကြာခဏဆိုသလို ကျင်းပပေးလျှက်ရှိတာတွေ့ရပါတယ်။  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အုပ်ချုပ်ရေးမှူးဖလား၊ ရပ်ကွက်ပေါင်းစုံ အသက်၂၅နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲနှင့် ၁၃ နှစ်အောက် လူငယ်ကျောင်းပေါင်းစုံ မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက လင်းခေးမြို့ ပြည်ငြိမ်းအေး အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်၊ ဦးစိုင်းလုံနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အားကစားအသင်းများအား လှည့်လည်နှုတ်ဆက်ခဲ့ကြပါတယ်။ 

ဆက်လက်ပြီး လင်းခေး အထကကျောင်းသူကလေးများ၏ အေရိုးဗစ်ကာယ လေ့ကျင့်ခန်းအက၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း၏ ရှမ်းတိုင်းရင်းသားရိုးရာ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ အကအဖွဲ့များအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှတ်တရ ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း ဆောင်ရွက်ခဲ့ကြပြီးနောက် အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ပွဲစဉ်ကို စတင်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဖွင့်ပွဲပွဲစဉ်တွင် ဒါးဆိပ်ကျေးရွာအသင်းနှင့် ဝမ်ဟတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ (၁)ဂိုး၊ ဂိုးမရှိဖြင့် ဝမ်ဟတ်အသင်းက အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။