သရုပ်ဆောင် နန်းဆုရတီစိုး ရဲ ့ခရီးမှ ပြန်ရောက်ရောက်ချင်း ပြုလုပ်သော နှစ်ဦးအလှူဒါန

မင်းသမီးချောလေး နန်းဆုရတီစိုးဟာ သင်္ကြန်ကာလအတွင်းမှာ မြစ်ကြီးနားကို သွားရောက်ပြီး ပရိသတ်တွေကို သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

မြစ်ကြီးနားကို ရောက်ရှိခဲ့စဉ်မှာ အစစအရာရာ အဆင်ပြေခဲ့့ပြီး အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့အတွက် ဂရုစိုက် ကူညီပေးခဲ့ကြသူတွေကို နန်းဆုက

လူမှုကွန်ရက်စာမျက်နှာမှ တဆင့်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အရမ်းကို သာယာလှပပြီး သဘာဝအလှအပတွေနဲ ့ဆွဲဆောင်နို်င်တဲ့ မြစ်ကြီးနားကနေမပြန်ချင်တော့လောက်အောင်ပျော်ရွှင်ခဲ့ရတယ်လို ့လည်း နန်းဆုကပြောပါတယ် ။

အခုချိန်မှာတော့ နန်းဆုဟာ ခရီးက ပြန်ရောက်ရောက်ချင်းမှာပဲ ဘုန်းကြီးကျောင်းသို ့နှစ်ဦးအလှူဒါနသွားရောက်ပြုလုပ်ခဲ့ပါတယ်။

နန်းဆု မြစ်ကြီးနား သင်္ကြန်အတွက် သွားရောက်စဉ်က ဆောက်လုပ်ရေးမိသားစုမဏ္ဍပ်မှာသင်္ကြန်အတက်နေ ့ညပိုင်းက ဖျော်ဖြေခဲ့တဲ့ ပုံရိပ်လေးတွေနဲ ့ခရီးက

ပြန်ရောက်ရောက်ချင်းအလှူ ပြုတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်တင်ဆက်လိုက်ပါတယ်နော်။

Source: Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။