ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အတွင်းမှာ လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့သိရပါတယ်။

၎င်းလေယာဉ်ကတော့ အင်ဂျင်နှလုံးတပ် လေယာဉ်ငယ်တစီးဖြစ်ပြီး အက်ဒီဆင်လေဆိပ်မှာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

၎င်းလေယာဉ်ပျက်ကျတဲ့အချိန်ကတော့ ဒေသစံတော်ချိန် ကိုးနာရီကျော်ကျော်လောက်ကဖြစ်ပြီး လေဆိပ်အတွင်းက လေယာဉ်ရုံပေါ်ကို ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ၎င်းလေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၈ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက်တို့ဟာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။

သို့ပေမယ့် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၈ ယောက်နဲ့ပတ်သတ်ပြီးတော့ ဘာမှသေချာမသိရသေးဘူးလို့ သိရပါတယ်။

SOURCE – APNEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။