ပြည်တွင်းမကြာခဏကြားနေရတဲ့ မူခင်းသတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ သာမာန်ဖြစ်စဉ်မျိုးအပြင် ဆိုးဆိုးရွားရွားဖြစ်လေ့ရှိတဲ့ မူခင်းတွေကတော့ မရေမတွက်နိုင်အောင်ရှိနေပြီး တာဝန်ရှိ ရဲတက်ဖွဲ့မှာလည်း ကြိုတင်ကာကွယ်မှုတွေနဲ့အတူ ပြင်ဆင်မှုတွေလည်း ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။  

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းပညာပေးရေး တပ်ဖွဲ့တို့ သည် မှုခင်း ပညာပေး ယာဉ်ဖြင့် ဒီကနေ့ နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက် အမှတ် (၄) အခြေခံပညာ အထက် တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး မှုခင်းပညာပေးလုပ်ဆောင်မှုတွေပြုလု်ပခဲ့ကြောင်း သိရပါတယ်။ အဆိုပါလုပ်ဆောင်မှုတွေထဲမှာ မှုခင်းလက်ကမ်းများ ဖြန့်ဝေခြင်း၊ ပညာပေး ယာဉ် ပေါ်တွင် ပြသထားသော မှုခင်းပညာပေး ပြခန်းများ ပြသခြင်းဖြင့် ကျောင်းသား လူငယ်များအား မလိုလားအပ်သော မှုခင်းများ မဖြစ်စေရေး နှင့် မှုခင်းများ သတိပြုရှောင်ရှား နိုင်စေရေး အတွက် မှုခင်း ကျဆင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရပါတယ်။ 

နေ့စဉ်ဖြစ်ပွားလေ့ရှိတဲ့ မှုခင်းသတင်းတွေထဲက ဆိုးဆိုးရွားရွားဖြစ်လေ့ရှိတဲ့ လူသတ်မှု မုဒိန်းမှုတွေနဲ့အတူ အခြားအခြားသောဖြစ်စဉ်တွေအတွက် ပညာပေးမှုများနဲ့အတူ ပြစ်မှုပြစ်ဒဏ်အချို့ကိုလည်း ပြောပြခဲ့ကြတာတွေ့ရပါတယ်။ အနာဂတ်ကလေးငယ်တွေအတွက် မှုခင်းကာကွယ်ရေးတွေကို ပြုလုပ်ပေးလျှက်၇ှိတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။