အိန္ဒိယက အမြီးပေါက်နေတဲ့ ကောင်လေးကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့

အိန္ဒိယက ဆယ်ကျော်သက်အရွယ်ကောင်လေးဟာ ၈လက်မရှည်တဲ့ အမြီးမွေးရာပါပါလာခဲ့ပါတယ်။ အစပိုင်းမှာတော့ မိဘတွေက ကံကောင်းစေတယ်ဆိုပြီး ဒီအတိုင်းထားခဲ့ပင်မဲ့ ကြာလာတဲ့အခါ အပြင်းအထန်နာကျင်လာတာကြောင့် ခွဲစိတ်ရပါတော့တယ်။ ခွဲစိတ်တဲ့ဆရာဝန်တွေကတော့ ကောင်လေးက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိတယ်လို့ ပြောပါတယ်။ အမြီးကတဖြည်းဖြည်း ရှည်လာတဲ့အတွက် ထိုင်ရင်တောင်မှ အမြဲတမ်း အမြီးကိုပြန်ပြီး နေရာတကျဖြစ်အောင် လုပ်နေရပါတယ်။ သက်တောင့်သက်သာလည်းမရှိဘဲ အိပ်ရင်တောင် အဆင်မပြေပါဘူး။ ခွဲစိတ်ပြီးမှာတော့ ဒါတွေအားလုံး မခံစားရတော့ဘဲ ပြန်ကျန်းမာလာပါပြီ။ တကယ်တော့ ကိုယ်ဝန်ဆောင်စဉ်အချိန်ကတည်းက သန္ဓေသားတိုင်းမှာ အဲ့လိုအမြီးလေးပါပြီး တဖြည်းဖြည်းကျုံ့ဝင်သွားပြီး ကျောရိုးအစိတ်အပိုင်းတစ်ခု ဖြစ်သွားတာဖြစ်ပါတယ်။ ဒီလိုကိစ္စကထူးခြားပြီး ဖြစ်လည်းဖြစ်ခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။