ချစ်သူရည်းစားကနေ အဆင့်တက်ပြီး အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီဆိုရင်တော့ လင်ယောင်္ကျားဖြစ်သူကော ဇနီးယားဖြစ်သူကော နှစ်ယောက်လုံးအနေနဲ့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိဖို့က အင်မတန်အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုရင် တယောက်နဲ့တယောက်သစ္စာရှိမှသာ အိမ်ထောင်ရေးက စိုပြည်ပြီး ရေရှည်တည့်တံ့ခိုင်မြဲနိုင်မှာ မို့လို့ပါပဲ။

သို့ပေမယ့် ယနေ့ခေတ်ကာလမှာတော့ အိမ်ထောင်ရေးဖောက်ပြန်သူတွေ များစွာတွေ့မြင်နေရပြီး ပြသနာပေါင်းမျိုးစုံတက်နေတာကိုလည်း တွေ့နေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံအတွင်းမှာဆိုရင်လည်း အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇနီးမယားကို လင်ယောင်္ကျားရဲ့ အပြစ်ပေးပုံက တော်တော်လေးထိတ်လန့်စရာကောင်းခဲ့တာတွေ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် ကာဒေဆိုတဲ့ လင်ယောင်္ကျားဟာ ဖောက်ပြန်တဲ့ သူ့မိန်းမရဲ့ ခြေထောက်ကို ကလေးတွေရှေ့မှာတင် ဓားနဲ့ခုတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုလုပ်ရပ်ကြီးဟာ မြင်တွေ့နေရတဲ့ ကလေးတွေအတွက် အင်မတန်ထိတ်လန့်စရာကောင်းလှတဲ့ မြင်ကွင်းကြီးတစ်ခုဖြစ်သလို ကလေးရဲ့ ငိုသံကြောင့်ပဲ ကာဒေဟာ ပြန်လည်သတိဝင်လာခဲ့ပါတယ်။

ဒါ့ကြောင့် ကာဒေဟာ မိန်းမဖြစ်သူရဲ့ခြေထောက်ကို ဆက်မခုတ်တော့ဘဲ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပေမယ့် သူ့မိန်းမရဲ့ခြေထောက် ဒဏ်ရာဟာတော်တော်ဆိုးရွားတဲ့အခြေအနေမှာ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ဖောက်ပြန်တဲ့မိန်းမရဲ့ ခြေထောက်ကို ဓားနဲ့ုခုတ်ဖြတ်ပြီး အပစ်ပေးပုံကြီးက ကလေးတွေရဲ့ စိတ်မှာလည်း အမာရွတ်ကြီးတစ်ခု ကျန်ရှိခဲ့သလို လင်ယောင်္ကျားဖြစ်သူ ကာဒေကိုယ်တိုင်ကလည်း ထောင်ဆယ်နှစ်လောက် ကျခံခဲ့ရတယ်လို့သိရပါတယ်။

Source -nextshark 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။