မြန်မာနိုင်ငံရဲ့ အဓိကနိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်အများစုလည်ပတ်ရာ ပုဂံဒေသနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံများစွာမှာလည်း ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ အလှည်အပတ်ခရီးသွားတွေအတွက် အဓိကထားလုပ်ဆောင်ထားတဲ့ မြင်းလှည်းယာဉ်ပြေးဆွဲမှုကတော့ တိမ်ကောပပျောက်လာပေမယ့် လက်ရှိပြန်လည်အသုံးပြုမှုပိုမိုများပြားလာကြောင်း သိရပါတယ်။ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်ကြသည့် ပြည်ပ နိုင်ငံသားများအနက်မှ တရုတ်နိုင်ငံသူနိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ လည်ပတ်ရာတွင် မြင်းလှည်းငှားစီသူများ လာခြင်းကြောင့် မြင်းလှည်းအငှား လိုက်လုပ်ငန်းပြန်လည် တွက်ခြေ ကိုက်နေကြပြီဖြစ်ကြောင်း မြင်းလှည်းထောင်ထားသည့် ဦးစိုးဝင်းက ပြောပြခဲ့ပါတယ်။ 

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ရောက်ရှိလာသည့် ပြည်ပနိုင်ငံသားများ အနက် တရုတ်လူမျိုးများနှင့်ဂျပန်လူမျိုးများသည် ပုဂံဒေသသို့လည်ပတ်ရာတွင် မြင်းလှည်းများသာ ငှားရမ်း စီးကြပြီး မြင်းလှည်းတန်းဖြင့် ရှေးဟောင်း ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုလေ့လာကြကြောင်းသိရပါတယ်။ ဒါအပြင် တရုတ်လူမျိုး အများနှင့် ဂျပန်လူမျိုးများ အဖွဲ့လိုက်လာကြပြီး မြင်းလှည်းများ ငှားစီးကြကာ သာသနိကအဆောက် အအုံများကြားရှိမြေသားလမ်းများအတိုင်း လိုက်လံကြည့်ရှု လေ့လာကြကြောင်းနှင့် တရုတ်လူမျိုးများက ဓာတ်ပုံရိုက် ဝါသနာကြီးကြောင်း ပုံစံအမျိုးမျိုးဖြင့် ရိုက်ကူးကြခြင်းနှင့် ပုဂံဒေသ၏ အထင်ကရသမိုင်းဝင်ဘုရားများအား နေရာစုံဓာတ်ပုံရိုက်ကူတတ် ကြောင်း ရွှေစည်းခုံဂေါပက အတွင်းရေးမှူး ဦးလှကြိုင်မှပြောပြထားပါတယ်။ 

မြင်းလှည်း ငှားစီးခ တစ်နာရီ တစ်သောင်းကျပ်ဈေးရရှိကြောင်းနှင့် တစ်ရက်လျှင် အနည်းဆုံး တစ်နာရီ စီလိုက်ရကြောင်း သုံးနာရီ၊လေးနာရီထိ လိုက်ရသည့်နေ့များလည်းရှိကြောင်း မြင်းလှည်းမောင်း သူများထံကသိရပါတယ်။ တောင်ကိုရီးယားလူမျိုးများနှင့် ဥရောပနိုင်ငံသားအများစုသည် E-Bike နှင့် စက်ဘီးများသာ အစီးများကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့်ဂျပန် နိုင်ငံသားများ ဗီဇာကင်းလွတ်ဝင်ရောက်ခွင့်ပြုသည့် အချိန်မှစကာ တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံ သားများ အများအပြားဝင်ရောက်လာခဲ့ကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကထံကသိရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မြင်းလှည်းအငှားလိုက်သူများ ပြန်လည် အဆင်ပြေလာကြ ကြောင်းသိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။