Admin တို့ဆယ်ကျော်သက်ဘဝတုန်းက သူတို့ရဲ့ သီချင်းတွေနဲ့ပဲ ကျောင်းသားဘဝမှာ ရူးသွပ်ခဲ့ရတာပေါ့နော်။

အခုချိန်ထိလည်း ပရိသတ်တွေချစ်ကြသေးတဲ့ ခင်ဘုဏ်း ၊ယုဇန ၊ မေစံပယ်ညို ၊ ရေဗက္ကာဝင်း တို့နဲ့အတူ ထူးထူးခြားခြား အသက်ငယ်ဆုံးလေးကတော့ ဦးချစ်ကောင်းရဲ့သမီး အိမ့်ချစ်လေးပါ တစ်စုတစည်းထဲ အပြင်မှာပျော်ပျော်ပါးပါးတွေ့ဆုံဖြစ်ကြတယ်လို့ သိရပါတယ်။

ဒီအဆိုတော်မမတွေကို ပရိသတ်တွေကလည်း ဘယ်တော့ သီချင်းတွေပြန်ဆိုမလဲ ဆိုပြီး ဂီတလောကကို အရင်လိုမကြာခဏ ပြန်မြင်ချင်နေကြပါတယ်။

တစ်ချို့ကတော့ အနုုပညာအလုပ်တွေခဏနားထားပြီး အိမ်ထောင်ရက်သားကျပြီး မိသားစုအတွက်ရော စီးပွားရေးဘက်ကို ကြိုးစားအချိန်ပေးနေကြတဲ့ပုံပါပဲ။

ယုဇနတို့အဖွဲ့ဟာ မနေ့က လက်ပတ်စင်တူလေးတွေဝတ်ကာ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ပျော်ပျော်ပါးပါး ဓာတ်ပုံလေးတွေရိုက်ခဲ့ကြပါတယ်။

ဒါ့ပြင် ဧပြီလ(၁၇)ရက်နေ့ကလည်း အနုပညာမောင်နှမတွေလိုချစ်ကြတဲ့ ခင်ဘုဏ်း ၊ ချောစုခင် ၊တင်ဇာမော်တို့အဖွဲ့ဟာ မီမီဝင်းဖေအိမ်ကိုလည်လည်သွားကာ ဖေ့ဘုတ်စ်မှာ အမှတ်တရပုံလေးတွေ တင်ခဲ့ပါသေးတယ်။

ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးနေကြတဲ့ သူမတို့ရဲ့ ပုံလေးတွေကြောင့် သတိရနေတဲ့ ပရိသတ်ကြီးကတော့ အလွမ်းပြေသွားပုံရပါတယ်။

အဆိုတော်မမလှလှတွေထဲမှာ ဘယ်သူ့သီချင်းတွေကိုအကြိုက်ဆုံးလဲ ဖြေခဲ့ပါဦး ။   

သတင်းအရင်းမြစ် Khin bhone fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။