ပရိသတ်တွေလေးစားအားကျရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်(အမေစု)ရဲ့ မိသားစုဝင်တွေထဲက အချစ်ဆုံးသား တစ်ယောက်ဖြစ်တဲ့ ကိုထိန်လင်းကိုတော့ ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ်။ နှစ်ပေါင်းအတော်ကြာဝေးကွာခဲ့ရတဲ့ သားအမိနှစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း ပရိသတ်တွေလေးစားအားကျနေရသူတွေလည်းဖြစ်ပါတယ်။  

အမေစုရဲ့ သားဖြစ်သူ ကိုထိန်လင်းကတော့ ပြည်တွင်း တစ်ခါတရံသာ လာရောက်တက်သူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အပြုံးတွေနဲ့အတူ စိတ်ချမ်းသာမှုတွေကို လာရောက်ပုံဖော်ပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဘိုးဖြစ်သူကဲ့သို့ စနေသားတစ်ယောက်ဖြစ်သလို အဖိုးဖြစ်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်နာမည်ကိုပါ အမည်ပေးထားတဲ့ မောင်ထိန်လင်းကတော့ အမေစုရဲ့ သားအငယ်ပဲဖြစ်ပါတယ်။ မကြာသေးမီလည်း မိခင်ဖြစ်သူ အမေစုနဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပြသရင်း သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်းလေးကို ပြသခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်တွေထဲမှာတော့ သားဖြစ်သူနဲ့အတူ အပြုံးတွေဝေနေတဲ့ အမေစုရဲ့ မျက်နှာကို ပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပြီး အနေဝေးနေတဲ့ သားဖြစ်သူကို ကြင်ကြင်နာနာဂရုစိုက်နေတာကိုလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်လေးစားအားကျရတဲ့ အမေစုတို့သားအမိရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝပေေးလိုက်ပါတယ်။

photos - U Sein Ohn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။